Chapter 35 (unicode)

1.2K 27 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၃၅

အရင်တစ်ခါ ခံစားခဲ့ဖူးတဲ့ အလိုဆန္ဒဆိုပေမဲ့ ဒီတစ်ခါကတော့ ဒီအတိုင်း စိတ်ဝင်စားမှုသက်သက် မဟုတ်ခဲ့ပါဘူး။ ရယ်ဟွာ သူ့ကို လုံးဝ ပန်းချီဆွဲရမှဖြစ်မယ်။ သူ့အထဲမှာ ရုန်းကြွနေတဲ့ စိတ်ကူးဈာန်တွေကို ရွက်ထည်ကားချပ် ဖြူလွလွပေါ်မှာ လုံးဝ သွန်ချပုံဖော်မှဖြစ်မယ်။
အခုချက်ချင်း စုတ်တံကို ဆွဲကိုင်ပစ်လိုက်ချင်စိတ်ကြောင့် ရယ်ဟွာ့လက်တွေ တုန်လာခဲ့တယ်။ မရိုးမရွ လှုံ့ဆော်မှုကြောင့် သူ့ရဲ့စိတ်တွေ ရီဝေဝေဖြစ်လာချိိန်မှာ အကြားအာရုံ ထင်ယောင်ထင်မှားဖြစ်မှုက ဒါကိုပဲစောင့်နေတဲ့အလား ဝင်ရောက်လာခဲ့တယ်။
ရူဆောယွန်း ရယ်နေတဲ့အသံက သူ့နားထဲ စီးဝင်လာခဲ့တယ်။ လက်တွေ့နဲ့ စိတ်ကူးကြားကစည်းဟာ ပြိုပျက်သွားပါတော့တယ်။ အရှိန်မြင့်လာတဲ့ ခံစားချက်တွေကို တည်ငြိမ်အောင်လုပ်ဖို့လိုအပ်ပေမဲ့ ရယ်ဟွာ အဲ့ဒီလို မလုပ်ချင်ခဲ့ပါဘူး။
ရယ်ဟွာက သူ့နှလုံးကို ခုန်နေတဲ့အတိုင်း လွှတ်ထားပြီး ဂွမ်ရီထယ်ကို ကြည့်နေခဲ့တယ်။

“လီရယ်ဟွာ။”

“…”

“ရယ်ဟွာ။”

“…”

“ဘာလို့ စကားမပြောတာလဲ။ လျှာထိခိုက်သွားလို့လား။”

ဂွမ်ရီထယ်က မျက်လုံးကို မှေးစင်းလိုက်ပြီး သူ့လက်ချောင်းကို ရယ်ဟွာ့နှုတ်ခမ်းပေါ် ဖိလိုက်တယ်။

“ပါးစပ်ဟပါဦး။ တစ်ချက်လောက် ကြည့်ရအောင်။”

ရယ်ဟွာက နာနာခံခံပဲ နှုတ်ခမ်းတွေ ဖွင့်လိုက်တယ်။ ဂွမ်ရီထယ်က ရယ်ဟွာ့မေးစေ့ကို ဘေးနှစ်ဖက်စလုံးကနေဖိပြီး ပါးစပ်ကို ပိုကျယ်အောင် ဟလိုက်တယ်။
သူက နူးညံ့တဲ့ ပန်းနုရောင်လျှာလေးကို စစ်ဆေးကြည့်၊ စီစီညီညီရှိနေတဲ့ သွားလေးတွေကို သူ့လက်ချောင်းတွေနဲ့ တစ်ချောင်းပြီးတစ်ချောင်း လိုက်ဖိကြည့်ပြီး သူ့ဟာသူ ရေရွတ်လိုက်တယ်။

“အားလုံး အဆင်ပြေတာကို…”

သွားရည်တို့စိုစွတ်နေတဲ့ လက်ချောင်းက နှုတ်ခမ်းအပြင်ဘက်ကို လျှောထွက်သွားခဲ့တယ်။ အဲ့ဒီအချိန်အထိလည်း ဘာမှမပြောဘဲ ရှိနေတာမို့ ခပ်လေးလေး သက်ပြင်းချလိုက်မိတယ်။ ဂွမ်ရီထယ်က သူ့ဆံပင်သူ လက်နဲ့ ထိုးဖွလိုက်တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Donde viven las historias. Descúbrelo ahora