Chapter 40 (zawgyi)

326 2 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၄၀

“ကျက်သရေမရှိတဲ့စကားတွေ မပြောစမ်းပါနဲ့။”

ရယ်ဟွာ့စကားကြောင့် ဂွမ်ရီထယ် ပြုံးလိုက်တယ်။ ဘယ်သူ့ကို ကားနဲ့တိုက်မယ်ဆိုတာကို ကြိုတင်ဆုံးဖြတ်ထားပြီးသားလူလို ပြုံးခဲ့တာပါ။ သူက ပရိယာယ်ကြွယ်ကြွယ် ပြုံးပြီးတော့ ရင်တမမဖြစ်နေတဲ့ ရယ်ဟွာ့ဘေးက ရေဒီယိုကို ဖွင့်လိုက်တယ်။

“ဒီနှစ် ပထမသုံးလပတ်မှာ အီလ်ဝန်းလျှပ်စစ်ဟာ ကိုရီးယားဝမ် သန်းပေါင်း ၁၂၃၀ ရောင်းအားရှိခဲ့ပြီး ကုမ္ပဏီ စတည်ထောင်ကတည်းက အမြင့်ဆုံး ဆောင်ရွက်ချက်အဖြစ် စံချိန်ဝင်ခဲ့ပါတယ်။ အရင်နှစ်နဲ့ ယှဉ်လိုက်ရင် ဒီနှုန်းက ၉ ရာခိုင်နှုန်း ပိုများ…”

သတင်းကြေညာသူ ကျယ်လောင်စွာ ကြေညာပေးနေတဲ့ သတင်းက မြန်မြန်ပဲ နောက်ထပ်လိုင်းတစ်ခုနဲ့ အစားထိုးခံလိုက်ရတယ်။ ရေဒီယိုချန်နယ်ကို မြန်မြန်ပြောင်းနေတဲ့ ဂွမ်ရီထယ်က ဂန္တဝင်ဂီတလာတဲ့လိုင်းကို ချိန်လိုက်တယ်။
ထင်မှတ်မထားတဲ့ သီချင်းရွေးချယ်မှုပါပဲ။ သူကတော့ မိန်းကလေးအဆိုတော်အဖွဲ့တွေရဲ့ သီချင်းတြွေဖစ်ဖြစ်၊ ရော့ခ်ဂီတကိုဖြစ်ဖြစ် ကျိန်းသေပေါက် သဘောကျလောက်မှာပဲလို့ တွေးခဲ့မိပေမဲ့ ဂန္တဝင်ဂီတကိုလည်း နားထောင်မှန်း မသိခဲ့ပါဘူး။ စန္ဒယားတေးသွားက ကားထဲမှာ ညင်သာစွာ ပျံ့လွင့်နေခဲ့တယ်။ ရယ်ဟွာက သူ့အကြိုက်နဲ့ကိုက်တဲ့ဂီတကို ခံစားနားဆင်နေခဲ့တယ်။
အဲ့ဒီအချိန်မှာ ဒက်ရှ်ဘုတ်ပေါ်က ဖုန်းတင်တဲ့ ဟိုလ်ဒါမှာ တင်ထားတဲ့ ဖုန်းဟာ တဖျတ်ဖျတ်လင်းပြီး တုန်ခါလာခဲ့တယ်။ နောက်ကြည့်မှန်ကို ကြည့်နေတဲ့ ဂွမ်ရီထယ်က သူ့နားမှာတပ်ထားတဲ့ ကြိုးမဲ့နားကြပ်ကိုနှိပ်ပြီး ပြန်ဖြေခဲ့တယ်။

“ဟုတ်ကဲ့ ဖုန်းကိုင်လိုက်ပါပြီ။”

မျက်လုံးနက်နက်တွေက ဘာကိုမှမမှုသလို ရှိနေခဲ့တယ်။ တစ်ဖက်လူပြောတာကို တစ်ချက်နားထောင်နေတဲ့ ဂွမ်ရီထယ်က ခဏနေတော့ အေးစက်စက်အသံနဲ့ ပြန်ဖြေခဲ့တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Donde viven las historias. Descúbrelo ahora