Chapter 10 (zawgyi)

1.8K 10 0
                                    

                    တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ - 사하 (Saha)

ဘာသာပြန်သူ - Marilee

                                  ****

အခန်း ၁၀

               ချွင်ဂလွမ်....

               တူက စားပွဲပေါ်ကနေ ပြုတ်ကျသွားခဲ့တယ်။ အကြောင်းကတော့ ရယ်ဟွာ အကြီးအကျယ် အံ့ဩလန့်ဖျပ်သွားပြီး လက်တွေအားဆုတ်ယုတ်သွားတဲ့အတွက်ပါ။
               ရယ်ဟွာတစ်ယောက် တောင့်တောင့်ကြီးနဲ့ ပါးစပ်အဟောင်းသား ရှိနေခဲ့တယ်။ အတောင့်လိုက် အေးခဲသွားတဲ့အလား မလှုပ်မယှက်ရှိနေပြီး နှုတ်ခမ်းကိုသာ အသာလေးလှုပ်နိုင်ခဲ့တယ်။

               "ရှင်းတယ်...ဘာ...ရှ...ရှင်းတယ်..."

               ရယ်ဟွာ ပါးစပ်ကနေတောင် ထုတ်မပြောနိုင်တဲ့ စကားတွေလေ။ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့ ရယ်ဟွာက မေးခွန်းတစ်ခု မနည်းမေးလိုက်တယ်။

               "ဘာလို့လဲ..."

               ဘာကြောင့် အဲ့ဒီလိုမျိုး မကြားဝံ့မနာသာ ထူးဆန်းတဲ့စကားမျိုး ပြောရတာလဲလို့ မေးမဲ့မေးခွန်းက စကားလုံးတစ်လုံးတည်းအဖြစ် ထွက်လာခဲ့တယ်။

               "ဘာလို့လဲဆိုတော့ နိုင်ငံခြားမှာ အကြာကြီးနေလာခဲ့တာမို့လို့လေ။ ကြည့်ချင်လား။"

               ဂွမ်ရီထယ်က ညစ်ကျယ်ကျယ်ရယ်လိုက်ပြီး ရုတ်တရက် နေရာကထလိုက်တယ်။ သူက သူ့ဘောင်းဘီကို ချွတ်ချတော့မလို့ ပြင်နေပါပြီ။ ဒါပေမဲ့ ရယ်ဟွာက အလန့်တကြား ထအော်လိုက်တယ်။

               "ဟင့်အင်း။"

               ဂွမ်ရီထယ်က အရူးတစ်ယောက်လို တခစ်ခစ်ရယ်နေတော့တယ်။ ရယ်ဟွာက မျက်နှာအရဲသားနဲ့ သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်တယ်။ နိုင်ငံခြားမှာ ခန္ဓာကိုယ်အောက်ပိုင်းက အမွေးအမှင်တွေကို ရိတ်သင်ရှင်းလင်းတာက ပုံမှန်ပဲလို့ ကြားဖူးတယ်လေ။
               ဒါပေမဲ့ ဒါက ကိုရီးယားမဟုတ်ဘူးလား။
               အရိုးစွဲအောင် ကိုရီးယားလူမျိုးဖြစ်တဲ့ ရယ်ဟွာ့အတွက်တော့ အဲ့ဒါက ပုံမှန်မဟုတ်ပါဘူး။ သူ ရယ်ဟွာ့ကို လှောင်ပြောင်စနောက်ဖို့အတွက် အဲ့ဒီအကြောင်း တမင်ပြောခဲ့တာ အသိသာကြီးပါ။
               ဂွမ်ရီထယ်က ထိုင်ခုံမှာ ဝုန်းခနဲပြန်ထိုင်ပြီး စပ်ဖြဲဖြဲပြောလာခဲ့တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Hikayelerin yaşadığı yer. Şimdi keşfedin