Chapter 23 (zawgyi) [🚨R-19🚨]

6.8K 13 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၂၃

ချက်ချင်းပဲ ဒုတိယအနမ်း ဖြစ်ပေါ်လာခဲ့တယ်။ ဒုတိယအနမ်းက ပထမအနမ်းထက် ပိုပြင်းထန်လောင်မြိုက်ပြီး အလိုရမ္မက်တစ်မျိုးနဲ့ ပြည့်နေခဲ့တယ်။ သူတို့ရဲ့ လျှာတွေ အချင်းချင်း ရစ်နှောင်တွယ်ယှက်နေတုန်းမှာ ဂွမ်ရီထယ်ရဲ့ ကြီးမားလှတဲ့လက်ကြီးတွေက ရယ်ဟွာ့မျက်နှာလေးကို ဆုပ်ကိုင်ပြီး ဉီးခေါင်းကို ငဲ့စောင်းစေခဲ့တယ်။

“အင့်…ဟင့်…”

ရယ်ဟွာက ဂွမ်ရီထယ်ရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ပင့်သက်ရှိုက်လိုက်တယ်။ ဂွမ်ရီထယ်ရဲ့ စုပ်အားက ရယ်ဟွာ့လည်ချောင်းကို ထိုးဖောက်သွားတော့မလား ထင်ရလောက်အောင် ပြင်းထန်လှတာမို့ ရယ်ဟွာ့ခမျာ အသက်ရှူဖို့ အချိန်မကိုက်နိုင်ဘဲ လွဲလွဲသွားရတယ်။ ရယ်ဟွာက ဂွမ်ရီထယ်ရဲ့ ပခုံးကို လက်သီးနဲ့ ခပ်ဖွဖွ ထုလိုက်မိပြီး အဲ့ဒီတော့မှပဲ ဂွမ်ရီထယ်တစ်ယောက် သူ့နှုတ်ခမ်းကို ခွာပေးတော့တယ်။
ရယ်ဟွာက လက်ဆန့်တန်းပြီး ဂွမ်ရီထယ်ရဲ့ တီရှပ်ကို ဆွဲယူလိုက်တယ်။ တီရှပ်ကို ဆွဲယူပြီး ချွတ်ပစ်ဖို့ ကြိုးစားခဲ့ပေမဲ့ ရယ်ဟွာ့စိတ်တိုင်းကျ ဖြစ်မလာခဲ့ပါဘူး။ ဂွမ်ရီထယ်ရဲ့ ရင်အုပ်တောင့်တောင့်နဲ့ ပခုံးကျယ်ကျယ်ကြောင့် ဖြစ်မယ်ထင်ပါရဲ့။ တီရှပ်က တချို့သောကြွက်သားတွေဆီမှာ တစ်နေခဲ့တယ်လေ။
ဂွမ်ရီထယ်က ရယ်ဟွာ့ကို လက်တစ်ဖက်နဲ့ ဆိုဖာပေါ် တွန်းချလိုက်ပြီး ကျန်လက်တစ်ဖက်နဲ့ သူ့ရဲ့ တီရှပ်ကို ချွတ်လိုက်တယ်။ အဖြူရောင်တီရှပ်လက်တိုက ကြမ်းပြင်ပေါ် ပုံလျက်သားပျံကျသွားခဲ့တယ်။
ဂွမ်ရီထယ်ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ လုံးဝ ဗလာကျင်းသွားခဲ့ပါပြီ။ ရယ်ဟွာ့အနေနဲ့ အဲ့ဒီပုံစံကို တစ်ခါနှစ်ခါ မြင်ဖူးထားတယ်ဆိုပေမဲ့ ဒီတစ်ခါမှပဲ အနီးကပ် သေသေချာချာ ကြည့်ခွင့်ရတာပါ။ နီးလွန်းလို့ သူ့ရဲ့ လည်တိုင်နဲ့ ရင်ဘတ်မှာ ထိုးထားတဲ့ မြွေပုံတက်တူးရဲ့ အကြေးခွံတစ်ကွက်ချင်းစီကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်လေ။
ရယ်ဟွာတစ်ယောက် မြွေခွေနေတဲ့အရစ်အတိုင်း ဖြည်းဖြည်းချင်း စနည်းနာနေတုန်းမှာ ဂွမ်ရီထယ်က မသိမသာ ပရိယာယ်ကြွယ်ကြွယ်နဲ့ ရယ်ဟွာ့ခြေတံတွေကို ဆိုဖာပေါ်မှာ ကားသွားအောင်ခွဲလိုက်ပြီး အဲ့ဒီကြားထဲမှာ နေရာယူလိုက်တယ်။ သူက ဆိုဖာပေါ် ဒူးထောက်လိုက်တယ်။ သူ့ရဲ့ ခြေတံတွေက ရှည်လွန်းတာကြောင့် နည်းနည်းလေး ရှေ့တိုးလိုက်တာနဲ့ သူ့ဒူးခေါင်းတွေက ရယ်ဟွာရဲ့ လျှို့ဝှက်အပ်တဲ့ ရပ်ဝန်းလေးကို သွားထိပါတော့တယ်။
ရယ်ဟွာရဲ့ ချည်သားဘောင်းဘီ ပါးပါးလေးကနေ ခံစားသိရှိနေရတဲ့ သူ့ဒူးခေါင်းရဲ့ အထိအတွေ့က မာကျောလှတယ်။ ရယ်ဟွာတစ်ယောက် အမြန်ပဲ ပေါင်ကို ပြန်စေ့ဖို့ ကြိုးစားလိုက်ပေမဲ့ အဲ့ဒီလိုလုပ်လိုက်ရင် ပေါင်ကြားထဲရောက်နေတဲ့ ခြေထောက်ကို ချုပ်ထားလိုက်သလို ဖြစ်သွားမှာပါ။ ရယ်ဟွာ အမြန်ပဲ ပေါင်ကို ပြန်ကားလိုက်ပြန်တယ်။
ပေါင်ကို စေ့လိုက် ကားလိုက် လုပ်နေတဲ့ ရယ်ဟွာ့ကိုကြည့်ရင်း ဂွမ်ရီထယ်က မထီတရီပြုံးပြီး တီးတိုးပြောခဲ့တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Onde histórias criam vida. Descubra agora