Chapter 6 (Unicode)

4.3K 97 4
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ - 사하 (Saha)

ဘာသာပြန်သူ - Marilee

****

အခန်း ၆

လီဂျောင်ဟွမ် အော်ရယ်လိုက်မိတော့တယ်။ ကြမ်းကြမ်းရမ်းရမ်း အထူးတပ်ဖွဲ့ဝင်တွေနဲ့ ကြေးစားတွေလို လူစားမျိုးတွေကတောင် အဲ့ဒီလိုကောက်ချက်ချရတဲ့လူတဲ့လား။
သေချာတာကတော့ အခု စကားပြောနေတဲ့ ခဏတာအချိန်အတွင်းမှာတင် ဂွမ်ရီထယ်ဟာ သာမန်စိတ်နေစိတ်ထားနဲ့လူ မဟုတ်လောက်ဘူးဆိုတဲ့ ခံစားချက်မျိုးရနေတယ်ဆိုတာပါပဲ။

"သူ့ရဲ့ ပြောင်မြောက်တဲ့ အရည်အချင်းတွေကြောင့် နေရာအနှံ့အပြားကနေ အလုပ်ကမ်းလှမ်းမှုတွေ ရခဲ့ပေမဲ့ သူက အားလုံးကို ငြင်းခဲ့တာချည်းပါပဲ။ အစိုးရအဖွဲ့တွေရဲ့ ကမ်းလှမ်းမှုတွေတင်မကပါဘူး အာရပ် တော်ဝင်မိသားစုက ပုဂ္ဂလိကစစ်ဘက်ရေးရာလောကမှာဆို ဘယ်မှာမှမယှဉ်သာတဲ့ လစာမျိုးနဲ့ကမ်းလှမ်းခဲ့တာကိုတောင် ငြင်းခဲ့တာပါ။"

အတွင်းရေးမှူးချုပ်ဆီက လစာပမာဏကို ကြားကြားချင်း လီဂျောင်ဟွမ် ပထမဆုံး တွေးလိုက်မိတဲ့အရာကတော့ ဒါပါပဲ။
ဒီကောင် တကယ်ရူးနေတာပါလားဆိုပြီးတော့လေ။

"...ကျွန်တော်တို့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းခဲ့ပြီးပြီဆိုတော့ ဂွမ်ရီထယ် အလုပ်လုပ်တဲ့ကုမ္ပဏီ Desert ကို ဖိအားပေးမယ်ဆိုရင်တောင် ဘာသက်ရောက်မှုမှ ရှိနိုင်မှာမဟုတ်လောက်ပါဘူး။"

လီဂျောင်ဟွမ်က သူ့နားထင်သူ လက်ချောင်းတွေနဲ့ ဖိထားလိုက်မိတယ်။ အခုအချိန်အထိ ရယ်ဟွာ့ဘေးမှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုရင် ပိုက်ဆံကမ်းလှမ်းပြီး ရှင်းပစ်လိုက်တာချည်းပါပဲ။ ပိုက်ဆံကမ်းလှမ်းလို့ မရတဲ့သူတွေကိုတော့ သင့်တော်သလို ခြိမ်းခြောက်အကျပ်ကိုင်ရတာပေါ့လေ။
ဒါပေမဲ့ ဂွမ်ရီထယ်ရဲ့ ရည်ရွယ်ချက်က ပိုက်ဆံမဟုတ်ခဲ့ဘူးမဟုတ်လား။ သူသာ ငွေနောက်လိုက်နေတာဆိုရင် အာရပ်စော်ဘွားရဲ့ ကိုယ်ရံတော်အဖြစ် နေနေလောက်ပြီပေါ့။
ခြိမ်းခြောက်ဖို့ကလည်း ခက်နေပြန်တယ်။ ပြဿနာကိုရှင်းလင်းတုန်းက ရယ်ဟွာအလုပ်လုပ်တဲ့ ကော်ဖီဆိုင်မှာရှိတဲ့ လုံခြုံရေးကင်မရာရယ်၊ နောက်ယောင်ခံလိုက်ခိုင်းထားတဲ့ကားရဲ့ ဘလက်ခ်ဘောက်စ်ရယ်က မှတ်တမ်းတွေကိုကြည့်ရင်း သူ့ရဲ့အရည်အချင်းကို သိခဲ့ရတယ်လေ။
လီဂျောင်ဟွမ် ငှားထားတဲ့လူတွေကလည်း ပရော်ဖက်ရှင်နယ်တွေဆိုပေမဲ့ ဂွမ်ရီထယ်နဲ့ ဘယ်လိုမှမယှဉ်နိုင်ကြပါဘူး။ နဂိုကတည်းက ဂွမ်ရီထယ်ဆိုတာ နိုင်ငံတကာအဆင့်မှာ အလုပ်လုပ်တာဆိုတော့ မယှဉ်နိုင်ကြတာ သဘာဝကျပါတယ်။

"အဲ့ဒီလိုကောင်က ဘာလို့ ရုတ်တရက်ကြီး ရယ်ဟွာ့အနားကပ်နေရတာလဲ။ သူ ရယ်ဟွာနဲ့ ကိုယ်ရံတော်လုပ်ပေးဖို့ စာချုပ်ချုပ်ထားတာရော ဖြစ်နိုင်ခြေရှိလား။"

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Tahanan ng mga kuwento. Tumuklas ngayon