Chapter 17 (zawgyi)

1K 3 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၁၇

တစ်စုံတစ်ရာက အရမ်းကို အဓိပ္ပာယ်မရှိလွန်းတဲ့အခါ လူတွေခမျာ ရယ်ရုံသာရယ်နိုင်တယ်ဆိုတဲ့စကားလည်း ရှိတယ်မဟုတ်လား။ ရယ်ဟွာတစ်ယောက် ရယ်ချလိုက်မိတော့တယ်။

“ဘာလို့ရယ်တာလဲ။”

လီဆယ်ယွန်း မျက်လုံးပြူးသွားခဲ့တယ်။ သူက မျက်မှောင်ကြုတ်ထားရင်း ရေရွတ်လိုက်တယ်။

“အဲ့ဒါအမှန်ပါဆို…ဟိုးအရင်တုန်းက…”

လိမ်နေတဲ့ပုံတော့မပေါ်ပါဘူး။ လီဆယ်ယွန်းက သူ့မျက်နှာထားသူ ထိန်းချုပ်နိုင်တဲ့သူမျိုး မဟုတ်ဘူးဆိုတော့ သူသာလိမ်နေတယ်ဆိုရင် သိသာနေလောက်မှာပါ။
ပြီးတော့ ဂန်မီအို့လည်း ရှိနေတယ်မဟုတ်လား။ သူသာ လိမ်နေတယ်ဆိုရင် ဂန်မီအို့က သူ့ကို အရင်ဆုံး တားလောက်မှာလေ။
ရယ်ဟွာက ဂွမ်ရီထယ်ကို နောက်ဆုံးတစ်ချက် ကြည့်လိုက်တယ်။ သူက ဖတ်လို့မရတဲ့ မျက်နှာထားနဲ့ ရှိနေခဲ့တယ်။ ဂွမ်ရီထယ် အသံတိတ်နေတဲ့အခါ လီဆယ်ယွန်းက ထပ်ပြောလာခဲ့ပြန်တယ်။

“ကျွန်မ အခုထိ ရီထယ်က ဘယ်သူလဲဆိုတာ ဥက္ကဋ္ဌကြီးကို မပြောပြရသေးဘူး။ ကျွန်မနဲ့ အမေကလွဲပြီး ဘယ်သူမှမသိကြဘူး။ ကျွန်မအဖေတောင် သိတာမဟုတ်ဘူး။”

ဂွမ်ရီထယ်က ခေါင်းတခါခါနဲ့ အော်ရယ်လိုက်ပြီး သေသေသပ်သပ်ချည်ထားတဲ့ နက်ခ်တိုင်ကို ဆွဲထုတ်လိုက်တယ်။ သူက မျက်ခုံးတစ်ဖက်ပင့်ပြီး ခပ်ကြမ်းကြမ်း ပြောခဲ့တယ်။

“အဲ့ဒီတော့ ဘာဖြစ်လဲ။”

“အဲ့…အဲ့ဒီတော့ ကျွန်မက အဲ့ဒါကို လျှို့ဝှက်ပေးထားမယ်လို့…”

“အခု ငါ့ကို ခြိမ်းခြောက်နေတာလား။”

ဂွမ်ရီထယ်က မျက်လုံးတောက်တောက်တွေနဲ့ လီဆယ်ယွန်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်တယ်။

“ငါရော ပြန်ခြိမ်းခြောက်ပေးရမလား။”

သူ့ရဲ့ ရှူးရှူးရှားရှား အပြုအမူကြောင့် လီဆယ်ယွန်းတစ်ယောက် အထစ်ထစ်အငေါ့ငေါ့နဲ့ ပါးစပ်ပိတ်သွားတော့တယ်။ လီဆယ်ယွန်း စကားကောင်းကောင်းမပြောနိုင်ဘဲ ငိုမဲ့မဲ့ဖြစ်နေချိန်မှာ ဂန်မီအို့တစ်ယောက် နောက်ဆုံးမှာ ဝင်ပါလာတော့တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Donde viven las historias. Descúbrelo ahora