Chapter 42 (zawgyi)

308 1 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၄၂

ရှင်းရှင်းလင်းလင်း ကြားလိုက်ရတာတောင်မှ မယုံနိုင်ခဲ့ပါဘူး။ နေရာမှာတင် တောင့်တောင့်ကြီးဖြစ်သွားတဲ့ ရယ်ဟွာက ဖြည်းဖြည်းချင်း မေးလိုက်တယ်။

“ဘယ်လိုဖြစ်တာလဲ…”

“မှတ်မိသလောက်တော့ နဂိုကတည်းက အားနည်းချူချာသူတဲ့လေ။ ဒါပေမဲ့ နောက်ဆုံး ရောဂါကြောင့် သေသွားတော့ စေ့စပ်ဖို့ ကြောင်းလမ်းထားတာတွေလည်း ပျက်သွားတာပေါ့။”

“နေမကောင်းဘူးပေါ့လေ။ ဘာရောဂါလဲ။”

“အဲ့ဒါတော့ ငါလည်း သေချာမသိဘူး။”

“အဲ့ဒီမိသားစုမှာ တခြားသားတွေဘာတွေများ ရှိသေးလား။”

“အင်း တစ်ဉီးတည်းသောကလေးလို့ကြားတယ်။ အဲ့ဒါတော့ သေချာတယ်။”

တစ်ဖက်မိသားစုရဲ့ တစ်ဉီးတည်းသောသားလို့ကြားပြီး ရယ်ဟွာနဲ့ အတူတူပါပဲလားလို့ တွေးမိခဲ့တာကို ပြန်အမှတ်ရမိရင်း လီဆွန်းဝူက ရှင်းပြခဲ့တယ်။
ရယ်ဟွာ့ခန္ဓာကိုယ်ကနေ အင်အားတွေ အကုန်ထွက်သွားတော့တယ်။ လီဆယ်ယွန်းက ရောဂါနဲ့ သေသွားတဲ့သူကို လူမှားရလောက်အောင် မတုံးသေးပါဘူး။ အဲ့ဒါအပြင် ဂန်မီအို့ကလည်း အဲ့ဒီမှာရှိနေပြီး သူကလည်း တစ်လေသံတည်းထွက်ခဲ့တာပါ။
အဖြေမှန်ရမယ်အထင်နဲ့ ဝင်လာခဲ့မိတဲ့နေရာက ဝင်္ကပါရဲ့အလယ်ဖြစ်နေခဲ့တယ်။
ရယ်ဟွာက သူ့နှုတ်ခမ်းတွေသူ လက်ခုံနဲ့ ဖိလိုက်မိတယ်။ လီဆွန်းဝူက သူ့ကို မေးခွန်းထုတ်နေသလို ကြည့်နေတာကို ခံစားလိုက်ရတယ်။ ပုံမှန်ဆို လီဆယ်ယွန်းကို လမ်းဘေးက ဓားခုတ်ကောင်လောက်တောင် အာရုံစိုက်တတ်လေ့မရှိတဲ့ ရယ်ဟွာဖြစ်နေတယ်မဟုတ်ပါလား။
ဒါပေမဲ့ အဲ့ဒီလိုလူက အကြာကြီးနေမှတွေ့ရတဲ့ အစ်ကိုဝမ်းကွဲကို ဟိုးပဝေသဏီကတည်းက ပျက်သွားခဲ့ပြီဖြစ်တဲ့ လီဆယ်ယွန်းရဲ့ စေ့စပ်ပွဲအကြောင်း မေးနေပြီး စေ့စပ်မဲ့ တစ်ဖက်လူရဲ့အကြောင်းကိုပါ စုံစမ်းလိုက်သေးတယ်ဆိုတော့ မလွှဲမရှောင်သာ သံသယဝင်မိမှာပါပဲ။
မသင်္ကာစရာပုံစံပေါက်နေမှာကိုသိပေမဲ့ ရယ်ဟွာက နောက်ဆုံးမေးခွန်းကို မေးလိုက်တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now