Chapter 26 (unicode) [🚨R-19🚨]

12.2K 104 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၂၆

သူ သတိလစ်သွားပြီး အိပ်မက်တွေဘာတွေ မက်နေတာများလား။
မဟုတ်ရင် မျက်စိရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းကို ရှင်းပြလို့မရနိုင်ပါဘူး။ အမှန်တရားကို ငြင်းဆန်နေခဲ့တဲ့ ရယ်ဟွာတစ်ယောက် ဂွမ်ရီထယ် သူ သုံးပြီးသား ကွန်ဒုံးကို ချည်ထုံးပြီး လွှင့်ပစ်လိုက်တာ မြင်တော့မှပဲ စကားပြောတော့တယ်။

“…ဘာ…ဘာလို့လဲ။”

သိပ်ကိုအံ့ဩလွန်းလို့ စကားတောင်မပြောနိုင်ခဲ့ပါဘူး။ တစ်ကိုယ်ရည် အာသာဖြေပြီးတော့ တစ်ကြိမ်၊ ရယ်ဟွာ့အထဲ ထိုးသွင်းပြီးတော့ တစ်ကြိမ်။ သူ စုစုပေါင်း နှစ်ကြိမ်တောင် ဖြေလွှတ်ပြီးပြီမဟုတ်ဘူးလား။ ပြီးမြောက်ပြီး ဖြေလွှတ်တဲ့အဆင့်ရောက်အောင်သွားတဲ့ လုပ်ငန်းစဉ်ကတောင်မှ အလွန်တရာကို ပြင်းထန်ခဲ့တာလေ။ မဟုတ်ဘူး ပြင်းထန်တယ်လို့ ပြောတာတောင် မလုံလောက်သေးပါဘူး။
ပုံမှန် ဒီလောက်ဆိုရင် လူတိုင်း ခြေဆန့်လက်ဆန့်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားကြလောက်မှာဆိုပေမဲ့ ဒီလူက တစ်ခါထပ်ပြီးတော့ မားမားမတ်မတ်ကြီး ထောင်မတ်နေပြန်တယ်လေ။ ရယ်ဟွာ မယုံနိုင်ခဲ့ပါဘူး။

“ဘာလို့ ပြန်ထောင်လာတာလဲ…”

ပုံမှန်အသိစိတ်နဲ့ နားမလည်နိုင်စရာ အခြေအနေနဲ့ ကြုံတွေ့လိုက်ရတဲ့ ရယ်ဟွာက ဂွမ်ရီထယ်ရဲ့အဖြေကို မျှော်လင့်ချက်မဲ့စွာ စောင့်စားနေခဲ့တယ်။ ဂွမ်ရီထယ်က ကွန်ဒုံးအိတ်ခွံကို သွားနဲ့ကိုက်ဖောက်လိုက်ပြီး ကွန်ဒုံးအသစ်ကို သူ့လိင်တံမှာစွပ်ရင်း ပြန်ဖြေလိုက်တယ်။

“မင်းကြောင့်လေ။”

ရယ်ဟွာက တော်တော့်ကို ခံပြင်းလှစွာနဲ့ မေးခွန်းထပ်မေးလိုက်ပြန်တယ်။

“ကျွန်မက ဘာလုပ်နေလို့လဲ။”

“ဟင်း…”

ဂွမ်ရီထယ်က ရှင်းပြလို့မရတဲ့ ညည်းသံတစ်ချက် ညည်းလိုက်ပြီး မသင်္ကာစရာအပြုံးနဲ့ ရယ်ဟွာ့ကို ကြည့်လိုက်တယ်။ သူ့ရဲ့ စူးစူးရဲရဲ မျက်လုံးတွေက ရီဝေဝေ ဖြစ်လာခဲ့တယ်။ သူ့မျက်လုံးထဲက တောက်ပတဲ့အလင်းတစ်မျိုးက အပူဓာတ်ကြောင့် ဝေဝါးသွားပြီး သူ့ရဲ့ မျက်ဝန်းနက်တွေက ကြောက်စရာအရောင် အတိလွှမ်းနေခဲ့တယ်။
ရယ်ဟွာတစ်ယောက် သူ့ဒုက္ခသူ တစ်ခဏ မေ့သွားခဲ့ပြီး ဂွမ်ရီထယ်ရဲ့ မျက်လုံးတွေထဲကို ကြည့်နေခဲ့မိတယ်။ အတန်ကြာ အကြည့်ချင်းဆုံးနေပြီးတဲ့နောက်မှာ ဂွမ်ရီထယ်က သူ့လက်တွေကို ဖြည်ဖြည်းချင်းလှမ်းပြီး ရယ်ဟွာ့ပါးပြင်လေးကို ထွေးဆုပ်လိုက်တယ်။ သူ့လက်တွေက သိပ်ကြီးလွန်းတာကြောင့် ရယ်ဟွာ့မျက်နှာတစ်ဝက်လောက် ဖုံးလုနီးပါး ဖြစ်သွားခဲ့တယ်။ သူ့လက်ဖဝါးတွေမှာ နစ်မြုပ်နေတဲ့ အသားမာတွေကို ရယ်ဟွာ ခံစားလိုက်ရတယ်။
စုတ်တံကိုင်ရာက ဖြစ်လာတဲ့ ရယ်ဟွာ့ အသားမာတွေနဲ့ လုံးဝကွာခြားလှပါတယ်။ သူ့အသားမာတွေက ပိုကြမ်းပြီး ပိုမာနေတယ်လေ။ သေရေးရှင်ရေး အခက်အခဲပေါင်း မြောက်မြားစွာကို ကျော်ဖြတ်ပြီး ဖန်တီးခဲ့တယ်ဆိုတဲ့ ​သဲလွန်စခြေရာပဲ ထင်ပါရဲ့။
အကြံခိုင်ဆုံး၊ အကောင်းဆုံးအရာတွေနဲ့ချည်းပဲ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်။
ဒီလူက သားရဲတိရစ္ဆာန်တွေကြားထဲ ပစ်ချခံရရင်တောင် ထိပ်တန်း သားရဲလိုက်မုဆိုး ဖြစ်လာမဲ့သူပါ။ သူနဲ့ယှဉ်လိုက်ရင် ရယ်ဟွာက အတိုင်းအဆမဲ့ နူးညံ့သိမ်မွေ့ပြီး အားနည်းလှပါတယ်။ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး။ သူက ရယ်ဟွာ့ဘက်မှာ ရှိနေတာမို့လို့။
ရယ်ဟွာက ကြမ်းတမ်းခိုင်မာတဲ့ လက်ဖဝါးကို သူ့ပါးပြင်လေးနဲ့ ခပ်ဖွဖွ ပွတ်သပ်လိုက်တယ်။ တကယ့်ကိုမှ မသိမသာ လှုပ်ရှားမှုလေးပဲဆိုပေမဲ့ ဂွမ်ရီထယ် သတိထားမိလောက်အောင် လုံလောက်ပါတယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now