Prologue (unicode)

15.1K 178 1
                                    

တွယ်ငြိခြင်း ၃၆၅

ဝတ္ထုပုံစံ - Webnovel (ကိုရီးယား)

ဝတ္ထုအမျိုးအစား - ခေတ်ပေါ်အချစ်ဇာတ်လမ်း၊ ၁၉နှစ်အောက် မဖတ်ရ

မူရင်းစာရေးသူ - 사하 (Saha)

ဘာသာပြန်သူ - Marilee

****

အဖွင့်

ချောမွတ်ပြောင်လက်နေတဲ့ စကျင်ကျောက် ကြမ်းပြင်ပေါ်ကို အနက်ရောင်အားကစားဖိနပ်တစ်ရန် နင်းလျှောက်လာခဲ့တယ်။
မီးပန်းဆိုင်းဆီက အလင်းရောင် ဖြာကျနေတဲ့ စကျင်ကျောက် ကြမ်းခင်းပေါ် ဖြတ်သန်းလျှောက်လှမ်းလာခဲ့တဲ့ အားကစားဖိနပ်တွေက ရယ်ဟွာရဲ့ ရှေ့မှောက်အရောက်မှာ ရပ်တန့်သွားခဲ့တယ်။ ရယ်ဟွာက ဖြည်းဖြည်းချင်း မျက်လုံးပင့်ကြည့်လိုက်တယ်။
ချွေးခံအားကစားဘောင်းဘီ ခပ်ပွပွနဲ့ အနက်ရောင် ကိုယ်ကျပ်တီရှပ် လက်တိုတစ်ထည် ဝတ်ထားတဲ့လူက သူ့အဝတ်အစားနဲ့ ဘယ်လိုမှ အဆက်အစပ်မရှိတဲ့ သားရေလက်ဆွဲအိတ်တစ်လုံးကို ကိုင်ထားခဲ့တယ်။ သူ့ရဲ့ခန္ဓာကိုယ်က ကြံ့ခိုင်တောင့်တင်းပြီး ခေါင်းမော့ကြည့်ပြီးတဲ့နောက်မှပဲ သူ့မျက်နှာကို မြင်လိုက်ရတော့တယ်။
အဲ့ဒီလူရဲ့ မျက်နှာက ထူးထူးခြားခြား လှပလှပါတယ်။
ညိုဖျော့ဖျော့ အသားအရေပေါ်မှာ ပြတ်သားထင်ရှားစွာ ဖွဲ့စည်းတည်ရှိနေတဲ့ သူ့ရဲ့ မျက်နှာအစိတ်အပိုင်းတွေကိုကြည့်ရင်း ဒီလူနဲ့ပတ်သက်ပြီး ဘာမှန်းမသိရတဲ့ တစ်စုံတစ်ရာက မူမှန်သလို ခံစားလိုက်ရတယ်။ ပုံမှန်တွေ့နေကျမဟုတ်တဲ့ သူ့ရဲ့ မျက်ပေါက်နဲ့ ပြုံးနေသယောင် အနည်းငယ်ကော့တက်နေတဲ့ သူ့ရဲ့နှုတ်ခမ်းတွေကြောင့် ဖြစ်မယ်ထင်ပါရဲ့။
အလုံးစုံခြုံပြောရရင် သူ့ရဲ့ ပြတ်သားထင်ရှားတဲ့ ရုပ်သွင်ကို သူ့လည်ပင်းမှာ ခွေလိမ်နေတဲ့မြွေသဏ္ဌာန် တက်တူးက ပိုပြီးပေါ်လွင်အောင် ပံ့ပိုးပေးထားလျက်ရှိတယ်။ နေလောင်ထားတဲ့ သူ့အသားပေါ်မှာ ထိုးထားတဲ့တက်တူးက သူ့တီရှပ်အတွင်းပိုင်းအထိ ဆက်လက်ခွေဆင်းလျက်ရှိတာကို တွေ့ရတယ်။ သူ့ရဲ့ရင်ဘတ်တစ်လျှောက်လုံးအထိ ဖြန့်ကြက်ဆင်းသွားလောက်မှာပါပဲ။
မြွေသဏ္ဌာန်တက်တူးကို ကြည့်နေခဲ့တဲ့ ရယ်ဟွာက နောက်ဆုံးမှာတော့ အဲ့ဒီလူရဲ့ မျက်ဝန်းတွေထဲ ကြည့်လိုက်တယ်။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားတဲ့အခါ မျက်နှာထားတည်တည်နဲ့လူက ပြုံးပြလာခဲ့တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Donde viven las historias. Descúbrelo ahora