Chapter 29 (unicode)

2.8K 55 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၂၉

-ထိုင်းဘာသာစကားနဲ့ဆို ရတနာလေးလို့ အဓိပ္ပာယ်ရတယ်လေ။ နင်က ဖလော်အီအတွက်ကြောင့် ရတနာတွေကို လွှင့်ပစ်စွန့်ကြဲနေတယ်ဆို။

မေက လက်နှစ်ဖက်စလုံးက လက်ညှိုးတွေကိုဆန့်ပြီး တစ်ဖက်ကို ညွှန်ပြလိုက်တယ်။ သူ့ရဲ့ လက်ညှိုးညွှန်မှုကို ခံလိုက်ရတဲ့ ချွဲဂျောင်းက မျက်လုံးကို ပင့်လှန်လိုက်တယ်။

-ဂျေကို ပတ်ဒ်ပရာရှ နီလာ ပေးမယ်လို့ပြောထားပြီးတော့ နေရာခြေရာခံဖို့ ရည်ရွယ်ချက်နဲ့ ဝယ်ထားတဲ့ လက်ထပ်လက်စွပ်ကို ဒေါ်လာ တစ်သိန်းပေးခဲ့တယ်ဆို။ စိန်တွေအပြည့်စီထားတာတဲ့။

-အဲ့ဒါတောင် ပိုဈေးကြီးတဲ့ဟာ လုပ်မလို့ကို ဖလော်အီက လက်အများကြီး သုံးရတာမို့ ကာရက် အရမ်းများတဲ့ဟာဆို သက်သောင့်သက်သာ မဖြစ်မှာစိုးလို့ အဲ့ဒီလောက်နဲ့တင် ပြီးသွားတာ။

-ကဗျာဆန်လိုက်တာ ထယ်ရီ။ လက်စွပ်လေး လှတယ်။ ငါ့ကို ပုလဲဝယ်ပေး။ တွေ့ထားတာရှိတယ်။

လက်သီးဆုပ်ထားတဲ့ မေက လက်သူကြွယ်တစ်ချောင်းတည်းကို ထောင်ပြခဲ့တယ်။ လက်ခလယ်နဲ့ တစ်ဆင့်ကွာတဲ့ ထူးထူးဆန်းဆန်း လက်လှုပ်ရှားမှုကို စခရင်န်အပြည့် ပြနေတဲ့ မေက ဂွမ်ရီထယ်ဆီက တုံ့ပြန်မှုမရှိတဲ့အခါ အိုးတိုးအမ်းတမ်းနဲ့ လက်ပြန်ချလိုက်တယ်။
ဘာပဲဖြစ်ဖြစ် လျှို့ဝှက်ထားရမဲ့ကိစ္စလည်း မဟုတ်တာမို့ ဂွမ်ရီထယ်က ပုလဲဝယ်ပေးမယ်လို့ပဲ တိုတိုပြတ်ပြတ် ပြောလိုက်တယ်။ မေက ခပ်ရေးရေးအပြုံးလေးနဲ့ မေးလိုက်တယ်။

-ဒီတော့ ဖလော်အီနဲ့က ဘယ်လိုဆက်ဆံရေးလဲ။

“ဘာကို ဘာဆက်ဆံရေး ဖြစ်ရမှာလဲ။ အလုပ်ရှင်အလုပ်သမား ဆက်ဆံရေးပေါ့။”

-ပျင်းစရာကောင်းအောင် မပြောစမ်းပါနဲ့။

“…”

ဂွမ်ရီထယ်က ဘာမှမပြောဘဲ မေ့ကို စိုက်ကြည့်လိုက်တယ်။ ဆတ်ခနဲတုန်သွားတဲ့ မေက သူ ခိုးစားနေတဲ့မုန့်ကို အောက်ချလိုက်တယ်။ ချွဲဂျောင်းက သူ့ရဲ့ဖုန်းကို မြှောက်ပြပြီး အိုးတိုးအမ်းတမ်း အော်ပြောလိုက်တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang