Chapter 13 (zawgyi)

1.1K 6 0
                                    


တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)

ဘာသာပြန်သူ – Marilee

****

အခန်း ၁၃

သူ့ရဲ့ အံ့ဩတကြီးဖြစ်နေတဲ့ အမူအရာနဲ့ဆန့်ကျင်စွာပဲ ချွဲဂျောင်းက တော်တော်လေးကို ရိုရိုကျိုးကျိုးရှိနေခဲ့တယ်။
သူက နေရာမှာတင် ချက်ချင်း ဒူးထောက်တောင်းပန်ခဲ့တာမှ ရယ်ဟွာတောင် မျက်နှာပူ ရှက်ရွံ့လာမိတဲ့အထိပါပဲ။
ချွဲဂျောင်းက သူ့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်လာပြီး ရယ်ဟွာက ခွင့်လွှတ်ပါတယ်လို့ ပြောပြီးတာနဲ့ သူတို့ ညစာအတူတူစားဖြစ်သွားကြတော့တယ်။

“ဝါး ဟင်းချက်လက်ရာ တကယ်ကောင်းတာပဲ။”

ချွဲဂျောင်းက “ကိုရီးယားအစားအစာကို ကောင်းကောင်းကန်းကန်းမစားခဲ့ရတာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ” လို့ပြောရင်း အားရပါးရကို စားထည့်တော့တယ်။ ရယ်ဟွာက သူ့ကို သိချင်စိတ်နဲ့ အကဲခတ်လိုက်မိတယ်။
ကြေးစားစစ်သားမို့လို့ပဲဖြစ်လေမလား ချွဲဂျောင်းက အရပ်ရှည်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်တယ်လေ။ ဒါပေါ့ ဂွမ်ရီထယ်လောက်တော့ ဘယ်ဟုတ်ပါ့မလဲ။
အကဲခတ် စနည်းနာနေတာ ရယ်ဟွာတစ်ယောက်တည်းတော့ မဟုတ်ခဲ့ပါဘူး။ ချွဲဂျောင်းကလည်း ဝက်မွှေကြော်အစပ်ကို ဂင်မ်ချီနဲ့အတူ ပါးစပ်ထဲထည့်ရင်း ရယ်ဟွာ့ကို ကြည့်နေခဲ့တယ်။

“မေးချင်တာရှိရင် လွတ်လွတ်လပ်လပ်သာမေးပါ။”

သူက ပါးစပ်ထဲမှာရှိနေတဲ့ အစားအသောက်တွေကို မျိုချလိုက်ပြီး အလန့်တကြားအော်ပြောလာခဲ့တယ်။

“ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ကျဉ်စက်ကို ဘာလို့ ဒီလောက်ကောင်းကောင်းသုံးနိုင်ရတာလဲဟင်။ အများကြီးလေ့ကျင့်ထားတဲ့ပုံပဲနော်။”

ချွဲဂျောင်းရဲ့မေးခွန်းကို စောင့်နေတဲ့အလား ရယ်ဟွာက တစ်ချက်လေးတောင်နောက်မကျဘဲ ပြန်ဖြေခဲ့တယ်။

“လေ့ကျင့်တာကတော့ အတန်အသင့်လောက်ပါပဲ။ ဒါပေမဲ့ အများကြီး သုံးရဖို့ဖြစ်လာတော့ အကြိမ်အများကြီး သုံးမိတယ်လေ…အဲ့ဒီကနေ သူ့အလိုလို အကျွမ်းတဝင်ရှိသွားတယ်ပဲဆိုပါတော့။”

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now