Chapter 46 (unicode) [🚨R-19🚨]

1.9K 37 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၄၆

အစကတော့ “ဘာကို စုပ်မှာပါလိမ့်” လို့ တွေးလိုက်မိပေမဲ့ စက္ကန့်ပိုင်းအတွင်းမှာ သဘောပေါက်သွားခဲ့တယ်။ ရယ်ဟွာ့မျက်နှာ နီရဲတက်သွားတော့တယ်။

“ဘာတွေရှက်နေတာလဲ။ ကိုယ့်ဟာကိုကျတော့ အဲ့ဒီလိုတောင် စုပ်ခဲ့တာကို။”

“အဲ့ဒါနဲ့ ဒါနဲ့က မတူဘူးလေ။”

“နေရာလား။”

“…မဟုတ်ဘူး။”

“ဒီတော့ မင်းကပဲ စုပ်ချင်တယ်ပေါ့။ မထင်ရပေမဲ့ တစ်ကိုယ်ကောင်းဆန်တာပဲနော် ချစ်လေး။”

“…”

ရယ်ဟွာတစ်ယောက် စကားထပ်ပြောလေ သူ့ဘက်က အကျိုးနည်းလေ ဖြစ်မှာကို သဘောပေါက်သွားတဲ့အတွက် ပါးစပ်သာပိတ်ထားလိုက်တော့တယ်။ မျက်နှာတွေနီနေပြီး နှုတ်ခမ်းကို ဖိကိုက်ထားမိပေမဲ့ ရှက်စိတ်ကို ချုပ်ထိန်းထားရင်း ပြောလိုက်တယ်။

“အိပ်ရာထဲသွားပြီး လုပ်ရအောင်…”

ဂွမ်ရီထယ်က တခစ်ခစ် ရယ်လိုက်တယ်။ ဘာက ဒီလောက်ရယ်စရာကောင်းမှန်းမသိ စိတ်ကောင်းဝင်နေသလို ရယ်နေခဲ့တဲ့ သူက ရယ်ဟွာ့ဘောင်းဘီကိုလည်း ချွတ်ပြီးတော့လွှင့်ပစ်လိုက်ပြီး ရယ်ဟွာ့ကို ဖက်လိုက်တယ်။
သူက ရယ်ဟွာ့ကို ကြောင်ပေါက်စလေးတစ်ကောင်အလား ပေါ့ပေါ့ပါးပါးလေးနဲ့ ဂရုတစိုက် ပွေ့ချီလိုက်ပြီး ရယ်ဟွာ့မေးစေ့ကို သူ့ပခုံးမှာ မှေးတင်ထားစေခဲ့တယ်။

“အ”

ရယ်ဟွာ့ ခြေကျင်းဝတ်မှာ ကျဉ်းကျဉ်းကျပ်ကျပ် တွယ်ငြိနေတဲ့ ဂျင်းဘောင်းဘီက ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့တယ်။ ရယ်ဟွာ လန့်သွားပြီး ခြေထောက်တွေကို လှုပ်ခါလိုက်တဲ့အခါ ဂွမ်ရီထယ်က ရယ်ဟွာ့တင်ပါးကို ရိုက်ခဲ့တယ်။

“ငြိမ်ငြိမ်နေ။”

အဲ့ဒီနောက် သူက ဒုတိယထပ်ကို လျှောက်တက်သွားခဲ့တယ်။ ရယ်ဟွာက တော်တော့်ကို ပိန်ပိန်ပါးပါးရှိတယ်ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်ပါ။ သိပ်မပေါ့ဘူးဆိုပေမဲ့ ဂွမ်ရီထယ် သူ့ကို ပွေ့ချီပြီး လှေကားတက်နေချိန်မှာ လုံးဝ လေးလံတဲ့ပုံမပေါ်ခဲ့ပါဘူး။
ရယ်ဟွာက သူ့ကို ဖက်တွယ်ထားခဲ့ပြီး ဒုတိယထပ်က အတွင်းခန်းထဲကို ဝင်သွားလိုက်ကြတယ်။ အဲ့ဒါကတော့ ရယ်ဟွာ တစ်ခါရောက်ဖူးပြီးသားဖြစ်တဲ့ ဂွမ်ရီထယ်ရဲ့ အိပ်ခန်းပါ။ အိပ်ခန်းက အဲ့ဒီတုန်းကနဲ့ ဘာမှသိပ်မခြားပါဘူး။ ရယ်ဟွာ့ခန္ဓာကိုယ်က ခြောက်ကပ်ကပ်နိုင်တယ်လို့ ခံစားနေရဆဲဖြစ်တဲ့ အရောင်အဆင်းမရှိ အိပ်ရာပေါ်ကို ပစ်ချခံလိုက်ရတယ်။
မွေ့ရာနုနုအိအိက ရယ်ဟွာ့ကို ထွေးပွေ့ခဲ့ပြီး ဂွမ်ရီထယ်က သူ့အဝတ်အစားတွေသူ ချွတ်ပြီးတော့ ခုတင်ပေါ်တက်လာခဲ့တယ်။
ရယ်ဟွာက ဖြည်းဖြည်းချင်း တင်ပါးတရွတ်တိုက် နောက်ဆုတ်လိုက်တယ်။ ဒါပေမဲ့ ဝေးဝေးမရောက်လိုက်ဘဲ သူ့ခြေကျင်းဝတ်တွေကို ဆွဲလိုက်တဲ့အားကြောင့် လှဲချလိုက်ရတယ်။
စူစူးနစ်နစ်အကြည့်က လျှာနဲ့သပ်နေသလိုပါပဲ။ အရသာခံနေသလို အကြည့်​ကို တွေ့ရတဲ့အခါ ရယ်ဟွာတစ်ယောက် သူ့ကိုယ်သူ ဘယ်လိုအခြေအနေမှာ ရှိနေသလဲဆိုတာကို တစ်ဖန် ပြန်သုံးသပ်မိသွားတော့တယ်။
သူက အဖြူရောင် တီရှပ်လက်တို ကိုယ်ကျပ်လေးနဲ့ အောက်ပိုင်းမှာ တရုတ်ဆီးသီးရောင် အတွင်းခံကိုသာ ဝတ်ထားတာပါ။ အိပ်ရာပေါ်မှာ ကိုးရိုးကားရား ဆန့်ထားတဲ့ ခြေတံရှည်ရှည်တွေရဲ့အဆုံးမှာ မကျွတ်ဘဲကျန်နေတဲ့ ခြေအိတ်တွေက အထီးကျန်ဆန်ဆန် ရှိနေခဲ့တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang