Chapter 33 (unicode)

1.8K 34 9
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၃၃

အစကတော့ လီရယ်ဟွာအပေါ် ကောင်းပေးခဲ့တဲ့ကောင်လို့ ထင်ထားခဲ့မိတာပါ။
အဲ့ဒါကြောင့် သူ့ကိုတော့ ကောင်းကောင်းဆက်ဆံပေးလိုက်မယ်လေဆိုပြီး ဂွမ်ရီထယ် စဉ်းစားထားခဲ့တာလေ။ သိဖို့လိုတာလောက်လေးပဲ မေးမြန်းပြီး ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ပို့ပေးမလို့ပါပဲ…
ဒါပေမဲ့ ဒီခွေးကောင်က ကောင်းပေးနေတာမဟုတ်ဘဲ မှောင်တဲ့ရည်ရွယ်ချက်တွေရှိနေတာဆိုတဲ့ အမှန်တရားကို သိလိုက်ရတဲ့အခါ သူ့ရဲ့ ဆင်ခြင်တုံတရားက လွတ်ထွက်သွားပါတော့တယ်။
ဂွမ်ရီထယ်က သူ့လက်သီးမှာ စည်းထားတဲ့ နက်ခ်တိုင်ကို ဖြေလိုက်တယ်။ သူက သွေးစွန်းနေတဲ့ နက်ခ်တိုင်ကို ဘာမှမဖြစ်သလို လွှင့်ပစ်လိုက်တယ်။

“အစ်…”

ကြမ်းပြင်ပေါ် လဲကျသွားပြီး တုန်ယင်နေတဲ့ ဂန်ဂွန်းဟိုရဲ့ ဦးခေါင်းကို ဖိနပ်ခွာနဲ့ပေါက်လိုက်တယ်။

“ဘယ်အချိန်အထိ လှဲနေဦးမလို့လဲ။”

ဂန်ဂွန်းဟိုက အလျင်အမြန် ကုန်းရုန်းထလိုက်တယ်။ သူက ချက်ချင်းပဲ စားပွဲပေါ်မှာ ဒူးထောက်ထိုင်လိုက်တယ်။ လက်ကို လက်သီးဆုပ်ထားပြီး သူ့ပေါင်ပေါ်မှာ သေသေသပ်သပ် တင်ထားခဲ့တယ်။
ဂွမ်ရီထယ်က ရေခဲပုံးကို ကိုင်ထားရင်း ဆိုဖာပေါ်မှာထိုင်လိုက်ပြီး ဂန်ဂွန်းဟိုကို ရေခဲတုံးလေးတွေနဲ့ တစ်တုံးချင်းစီ ပစ်ပေါက်လိုက်တယ်။ ရေခဲတုံးတွေက လေးကိုင်းလို လမ်းကြောင်းအတိုင်း ညင်သာစွာ ဝိုက်ပျံသွားပြီး ဂန်ဂွန်းဟိုရဲ့ နဖူးပေါ်ကို တည့်တည့်ကျရောက်သွားတော့တယ်။

“အဲ့ဒါနဲ့များ ဘာဖြစ်လို့ မဆင်မခြင် ီးသရမ်းရတာလဲ ဟင်။”

“တောင်းပန်ပါတယ်…”

“လီရယ်ဟွာက ဆေးရုံပြန်တက်စရာ အကြောင်းမရှိတာမို့လို့ ရှာမနေနဲ့ ခွေးသား။”

“ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့…”

ဂန်ဂွန်းဟိုတစ်ယောက် ရေခဲနဲ့ အပြင်းအထန် ပစ်ပေါက်ခံခဲ့ရတယ်။ ချွေး၊ သွေးနဲ့ မျက်ရည်တို့ အကုန် ရောစပ်သွားပြီး နီရဲရောင်ကိုင်းနေတဲ့ မျက်နှာပေါ်ကို စီးကျလာခဲ့တယ်။
သူ့ရဲ့ မျက်နှာအစိတ်အပိုင်းတွေက သနားစာနာစိတ်ကို လှုံ့ဆော်နိုင်ဖို့ လုံလောက်တယ်ဆိုပေမဲ့ ဖြစ်ချင်တော့ ဂွမ်ရီထယ်က အဲ့ဒီလိုခံစားချက်မျိုးကို မသိတဲ့သူ ဖြစ်နေခဲ့တယ်လေ။
ရေခဲပုံးထဲ မွှေနှောက်ပြီး အကြီးဆုံးနဲ့အမာဆုံး ရေခဲတုံးကို ရွေးယူလိုက်တဲ့ ဂွမ်ရီထယ်က ရုတ်တရက် ရပ်တန့်လိုက်တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now