Chapter 4 (unicode)

6.1K 115 0
                                    

                     တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ - 사하 (Saha)

ဘာသာပြန်သူ - Marilee

                                  ****

အခန်း ၄

               သူ့ရဲ့ အနှောင့်အပါးမလွတ် စကားတွေက ရယ်ဟွာ့အသားကို လျှာနဲ့သပ်နေသလိုပါပဲ။ ထူးဆန်းတဲ့ လှိုက်ဖိုမှုတစ်ခုကြောင့် မွေးညင်းလေးတွေအကုန် ထောင်သွားတော့တယ်။ တလက်လက်တောက်နေတဲ့ မျက်ဝန်းနက်တွေနဲ့ အကြည့်ချင်းဆုံဖို့ ခက်နေခဲ့တယ်လေ။ ရယ်ဟွာက သူ့မျက်ဝန်းအကြည့်ကိုရှောင်ရင်း ပြန်ဖြေလိုက်တယ်။

               "နှစ်ယောက်ခွဲနေစရာမလိုပါဘူး။ ဒီအတိုင်း အားလုံးကို ကျွန်မနာမည်နဲ့သာ ထားလိုက်ပါ။"

               "မလုပ်ချင်ပါဘူး။ နှစ်ယောက်နာမည်နဲ့ထားမှ လက်ထပ်ထားတဲ့ ဇနီးမောင်နှံနဲ့ ပိုတူမှာလေ။"

               ဟန်ဆောင်ခင်ပွန်းအဖြစ် သရုပ်ဆောင်တဲ့ကဏ္ဍမှာ အရမ်းဈာန်ဝင်နေတဲ့ ဂွမ်ရီထယ်က ကလေးဆိုးကြီးတစ်ယောက်လို ရယ်လိုက်တယ်။ သူ့ရဲ့ ညစ်ကျယ်ကျယ်အပြုံးနဲ့အတူ ထူးဆန်းတဲ့အနေအထားကြီးက တဖြည်းဖြည်းပြေလည်လာခဲ့တယ်။
               အခု ရယ်ဟွာရဲ့ စိတ်လှုပ်ရှားမှုက တည်ငြိမ်လာပါပြီ။ ရယ်ဟွာက မျက်မှောင်ကြုတ်ပြီး ခွန်းတုံ့ပြန်လိုက်တယ်။

               "အဝတ်လေးဘာလေး ဝတ်ထားစမ်းပါ။ ပြီးတော့ ကျွန်မက အိမ်ကိုလိုချင်လို့ ပြောနေတာမဟုတ်ဘူး ရှင့်ပုံစံက မသင်္ကာစရာဖြစ်နေလို့ ပြောတာ။"

               သူပြောတာကြားပြီးတဲ့နောက်မှာ အိမ်က သူ့နာမည်နဲ့ ရှိနေပုံရတယ်ဆိုတဲ့အချက်ရယ်၊ သူက လစဉ်အရစ်ကျစနစ်နဲ့ အိမ်ငှားခ ပေးနေတာမဟုတ်ဘူးဆိုတဲ့ အချက်ရယ်က ပိုလို့တောင် မသင်္ကာစရာ ဖြစ်နေပါသေးတယ်။ ဒါပေမဲ့ ရယ်ဟွာက အသေးစိတ်တော့ မမေးခဲ့ပါဘူး။
               သူ့မှာ ရယ်ဟွာ့ကို ပြောပြဖို့ စိတ်ကူးရှိပုံမရဘူးလေ။ ပြီးတော့ သူ့လျှို့ဝှက်ချက်ကို သိလိုက်ရလို့လည်း ဘာမှပြောင်းလဲသွားမှာမှမဟုတ်တာ။ ရယ်ဟွာ့အတွက် အရေးကြီးတဲ့ တစ်ခုတည်းသောအရာက ဂွမ်ရီထယ်ဟာ သူ့ကို တစ်နှစ်တာ ဘေးကင်းအောင်ထားပါ့မယ်လို့ အာမခံနိုင်မှာလားဆိုတာပါပဲ။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Wo Geschichten leben. Entdecke jetzt