Chapter 39 (Unicode)

852 26 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၃၉

တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့တယ်။ လီဂျောင်ဟွမ်က ဖြည်းဖြည်းချင်း မေးလိုက်တယ်။

“အကုန် သေကုန်တယ်တဲ့လား…”

“ဟုတ်ကဲ့။”

နားကြားလွဲတာမဟုတ်ဘူးပဲ။ လီဂျောင်ဟွမ်က မျက်ရိုးတွေတဆစ်ဆစ်ဖြစ်လာတာကို ခံစားမိရင်း နားထင်ကို ဖိထားလိုက်တယ်။ အတွင်းရေးမှူးချုပ်ဘတ်က ဘာမှမပြောဘဲ တစ်ချိန်လုံး ခေါင်းငုံ့ထားလျက်သာ ရှိနေခဲ့တယ်။

“အတွင်းရေးမှူးချုပ်ဘတ်…”

“ဟုတ်ကဲ့ ဥက္ကဋ္ဌကြီး။”

“မင်းစကား နားထောင်ခဲ့သင့်တာကို အမှားလုပ်လိုက်မိတယ်။ အသက်လေးရလာတာနဲ့အမျှ ပိုပိုပြီး ခေါင်းမာလာတာပဲ။”

“မဟုတ်ပါဘူး ဥက္ကဋ္ဌကြီး။”

တစ်ဖက်က ယဉ်ယဉ်ကျေးကျေး ပြန်ဖြေခဲ့ပေမဲ့ လီဂျောင်ဟွမ်က ခေါင်းခါလိုက်တယ်။ အဲ့ဒါက ကျိန်းသေပေါက် သူ့အမှားပါ။ အတွင်းရေးမှူးချုပ်ဘတ်က ဒီလုပ်ရပ်ကို မလုပ်ဖို့ သူ့ကို နားချခဲ့တာလေ။
ဒါပေမဲ့လည်း လီဂျောင်ဟွမ်က ရှေ့ဆက်တိုးခဲ့တယ်။ အဲ့ဒါက ပြဿနာကို မြန်မြန်ရှင်းချင်တဲ့ စိတ်လောမှုနဲ့ အံ့အားသင့်စရာနည်းလမ်းနဲ့ ရရှိခဲ့တဲ့ အရှက်တကွဲဖြစ်မှုအတွက် တစ်နည်းနည်းနဲ့ လက်တုံ့ပြန်ချင်တဲ့ ဆန္ဒတစ်မျိုး ရောနှောရာက ဖြစ်ပေါ်လာတဲ့ ရလဒ်ပါပဲ။
ဒီလောက်အဆင့်နဲ့ဆိုရင် မြေလျှိုးမိုးပျံကြတဲ့ သတ္တဝါတွေကိုတောင်မှ အခက်အခဲမရှိ ကိုင်တွယ်နိုင်မှာပါလေလို့ တွေးခဲ့မိပေမဲ့ ဂွမ်ရီထယ်က အဲ့ဒီအဆင့် မဟုတ်ခဲ့ပါဘူး။ လီဂျောင်ဟွမ်က ခါးသက်သက် နောင်တထဲ နစ်မျောရင်း ခပ်တိုးတိုးပြောခဲ့တယ်။

“ဟုတ်ပြီ ဘာဖြစ်ခဲ့တာလဲ ပြောပါဦး။”

“တရားဝင် ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးရေးက ဖော်ထုတ်ခဲ့တာကတော့ အဖွဲ့ထဲမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာပြီး အဲ့ဒီကနေ အငြင်းအခုံတွေ ဖြစ်ကြရာက အဲ့ဒီနောက်မှာ အခြေအနေတွေ ပြင်းထန်လာပြီးတော့ တိုက်ခိုက်ကုန်ကြတာပါတဲ့။ ဂိုဏ်းအဖွဲ့ဝင်တစ်ယောက်က အရမ်းဒေါသထွက်လာပြီး တရားမဝင် လက်တပ်စက်သေနတ်ကို သုံးခဲ့…”

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now