Chapter 43 (unicode)

695 27 1
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၄၃

လီရယ်ဟွာက ဘာလဲ။
ဒါကတော့ အခုတလော ဂွမ်ရီထယ် အများဆုံးတွေးဖြစ်နေတဲ့ အတွေးပါပဲ။ သူ့ဘဝမှာ တစ်မူထူးခြားတယ်လို့တွေးမိတဲ့ လူအများကြီးနဲ့ ကြုံဆုံခဲ့ဖူးပါတယ်။ ကြေးစားလောကမှာ အရူးတွေအများကြီးရှိပြီး အလုပ်အပ်တဲ့သူပေါင်းစုံနဲ့ ကြုံပြီးတဲ့နောက်မှာ လူမျိုးစုံနဲ့ ကြုံတွေ့ဖူးပြီးပြီလို့ပဲ သူ့ကိုယ်သူ မှတ်ယူထားခဲ့တာလေ…။
လီရယ်ဟွာလိုလူမျိုးနဲ့ ကြုံဆုံဖူးတာကတော့ ဒါ ပထမဆုံးပါပဲ။ အဲ့ဒီလို အရူးကွက်တွေလုပ်တာကပဲ ရယ်စရာကောင်းလို့လားတော့ မသိပါဘူး။
ဆက်တိုက် စိတ်ဝင်စားမိ၊ အာရုံစိုက်မိ၊ တွေးမိနေခဲ့တယ်။
အခုတလော လီရယ်ဟွာအကြောင်း အတွေးတွေက အလုပ်လုပ်တဲ့နေရာမှာပါ ဝင်ရှုပ်လာတဲ့ အတိုင်းအတာအထိပါပဲ။ ဝေးဝေးသွားစရာမလိုဘဲ အခု အရှေ့မှာတင် လီရယ်ဟွာ ရှိနေတာတောင်မှ လီရယ်ဟွာ့အကြောင်း တွေးမိနေတုန်းပါ။ ဂွမ်ရီထယ်က လီရယ်ဟွာ လီဆွန်းဝူနဲ့ စကားပြောနေတာကို အသာလေး ကြည့်နေခဲ့တယ်။
တကယ်ပဲ နားမလည်နိုင်ခဲ့ပါဘူး။ ကြောက်တယ်ဆိုပြီး ရုတ်တရက်ကြီး ထနမ်းခဲ့တာလေ…

“ငါက ကြောက်ဖို့ကောင်းလား။”

ရုတ်တရက်ကြီး ဘာမှမတွေးဘဲ ထွက်လာတဲ့မေးခွန်းကို ချွဲဂျောင်းက ​ပြန်ဖြေခဲ့တယ်။

-အင်း။ သောက်ကျိုးနည်းကို ကြောက်ဖို့ကောင်းတာ။ မင်းနဲ့ ပြဿနာမဖြစ်ဘဲ နေသွားဖို့က ငါ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပဲ။

နားထဲက နားကြပ်ဆီကနေ ထွက်လာတဲ့အဖြေကြောင့် ဂွမ်ရီထယ် တစ်ချက် မျက်မှောင်ကြုတ်မိသွားခဲ့တယ်။ ပြီးတော့ သူက တစ်ခါ ထပ်မေးလိုက်တယ်။

“အလုပ်လုပ်တဲ့အချိန်ကို ပြောတာမဟုတ်ဘူး။ ဒီအတိုင်း နေ့စဉ်ဘဝမှာကို ပြောတာ။”

-နေ့စဉ်ဘဝမှာလည်း ကျိန်းသေပေါက် ကြောက်ဖို့ကောင်းတာပဲ မဟုတ်ဘူးလား။

“…”

ဂွမ်ရီထယ် အကြာကြီး တိတ်ကျသွားတဲ့အခါ ချွဲဂျောင်းက တခစ်ခစ်ရယ်နေတာရပ်ပြီး အမြီးကုပ်လိုက်တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now