Chapter 11 (unicode)

3.2K 92 0
                                    

                   တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ - 사하 (Saha)

ဘာသာပြန်သူ - Marilee

                                 ****

အခန်း ၁၁

               ဂွမ်ရီထယ်ကို ဖုန်းဆက်ခဲ့တဲ့သူက အတွင်းရေးမှူးချုပ်ပါ။
               ဒါရိုက်တာဘတ်က ဒယ်ဆန်းဆောက်လုပ်ရေးမှာ အတွင်းရေးမှူးချုပ်အဖြစ် အချိန်အတော်ကြာ တာဝန်ထမ်းခဲ့တာဖြစ်ပြီး လီဂျောင်ဟွမ် တော်တော်လေး ယုံကြည်အားထားရတဲ့ သစ္စာရှိလူယုံတော်ဆိုရင်လည်း မမှားပါဘူး။
               ဒါရိုက်တာဘတ်က နာမည်ကြီးနိုင်ငံခြားတက္ကသိုလ်တစ်ခုကနေ ဘွဲ့ရခဲ့သူဖြစ်ပြီး တော်တော့်ကို ထက်မြက်တဲ့လူပါ။ သူက လူတွေကို ဘယ်လိုကိုင်တွယ်ဆက်ဆံရမယ်ဆိုတာ ကောင်းကောင်းအထာနပ်ပြီး အခုအချိန်အထိ လီဂျောင်ဟွမ် စိတ်တိုင်းကျ အကွက်အမျိုးမျိုးကို စဉ်းစားဖော်ဆောင်ပေးခဲ့သူပေါ့။
               ရူဆောယွန်းရဲ့ နှလုံးသားကို ဘယ်လိုသိမ်းပိုက်ရမလဲ၊ တစ်ချက်တစ်ချက် ပြဿနာထထရှာတတ်တဲ့ လီရယ်ဟွာကို ဘယ်လိုငြိမ်အောင်ထိန်းရမလဲ အစရှိသဖြင့် အမျိုးမျိုးပါပဲ။
               သူ အကြံပြုခဲ့တဲ့ နည်းလမ်းတွေကလည်း အမြဲတမ်း အလုပ်ဖြစ်လေ့ရှိတယ်လေ။ အတွင်းရေးမှူးချုပ်က ဂွမ်ရီထယ်ကို အရင်ဖုန်းဆက်ပြီး လူချင်းတွေ့ကြဖို့ ပြောခဲ့တယ်။
               အဲ့ဒါက ထောင်ချောက်တစ်ခုပဲဆိုတာ ရှည်ရှည်ဝေးဝေး တွေးနေစရာမလိုဘဲ ဂွမ်ရီထယ် သဘောပေါက်လိုက်တော့တယ်။
               ဒါပေမဲ့ ငြင်းလိုက်စရာ အကြောင်းမရှိဘူးမဟုတ်လား။ အပြင်ပန်းကြည့်ရင်တော့ လီဂျောင်ဟွမ်က လီရယ်ဟွာရဲ့အချစ်ကို အသိအမှတ်ပြု လက်ခံပေးမဲ့သဘောနဲ့ ပြေလည်ရာပြေလည်ကြောင်း ကျေအေးလိုတဲ့ အပြုအမူပါပဲ။
               ဂွမ်ရီထယ်ကလည်း လီဂျောင်ဟွမ်ရဲ့ စိန်ခေါ်မှုကို တော်တော်လေး သဘောတွေ့လှတာမို့ တရားဝင်တွေ့ဆုံကြဖို့ ပြောလိုက်တယ်။ အဲ့ဒါကြောင့် တစ်ပတ်ကြာပြီးတဲ့နောက် DS ဟိုတယ်က ကိုရီးယားစားသောက်ဆိုင်မှာ လီဂျောင်ဟွမ်နဲ့ ညစာအတူစားဖို့ ချိန်းဆိုဖြစ်ခဲ့တော့တာပေါ့။
               ဒီနေ့ကတော့ ရယ်ဟွာ အချိန်ပိုင်းအလုပ်အတွက် အင်တာဗျူးဖြေမဲ့နေ့ပါ။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now