part-4

4.7K 166 5
                                    

"တကယ်လို့ ကိုယ့်ကလေးက နှစ်သက်နေခဲ့ရင်တောင် တစ်ဖက်လူရဲ့ လက်ညိုးထိုးမှုတွေ
ခံနိုင်ရည်ရှိပါ့မလား!!"

"မေမေ ရယ် အန်တီ မီမီ တို့ သီသီတို့ဆိုတာက ဆွေမျိုးထက် ပိုပြီးရင်းနှီးခဲ့တာဟာ"

"ဟိုကောင်လေးက သမီးအပေါ်မှာ တကယ်မချစ်ဘဲ လှည့်စားသွားမှာကြောက်တယ် သမီး
မေ့မေ့ကို ခေတ်နောက်ပြန်ဆွဲတယ်ပဲဆိုဆို
မိန်းကလေးဘက်က ဖွင့်ပြောမှ တွဲရတာဟာ
တစ်ဖက်လူက အနည်းနဲ့အများ အထင်သေးတတ်ကြတယ်....'

"ရာထူးစံက  မိကောင်းဖခင်သားသမီးပါမေမေရယ် အစိုးရိမ်မလွန်ပါနဲ့
လမ်းဘေးကလေကချေနဲ့ ကြိုက်နေမှ ပူရမှာ ...
အခုဟာက ညီမလေးဘက်ကကြည့်ရင်လည်း
စိတ်ချရတယ်လေ!!"

"ဒီကလေးရင်ထဲကအတိမ်အနက် မေမေအသိဆုံးရယ်
သံယောဇဉ်နဲ့ ချစ်တာမကွဲဘဲ တစ်ဇွတ်ထိုးလုပ်ချပစ်တာ
မနေ့ညက မီမီ ဖုန်းလှမ်းဆက်တယ်
သူကချစ်စနိုးနဲ့ပြောပေမယ့် မေမေ ဖြင့် မျက်နှာ ပူလိုက်ရတာ..."

"အာ့တာနဲ့ ကြိမ်လုံးစာကျွေးပြီး အခန်းထဲထည့် စိတ်မကောင်းထိုင်ဖြစ်နေတာမလား!!!"

ရိုးတံသွယ်က အကြီးဆုံးသမီးပီပီ ရင့်ကျက်သည်။
ဘယ်အရာမဆို တိုင်ပင်လို့ရကာ အများဆုံးပြောဖြစ်တာက မယ့် အကြောင်းပါပဲ
တစ်မိပေါက်တစ်ယောက်ထွန်းဆိုတာနဲ့ ဆန့်ကျင်ဘက် တစ်ယောက်ထဲကွက်ဆိုးနေတာကြောင့် တစ်ခုခုဆို ဒီကလေးအတွက်
ရင်ပူရတာ အမြဲလိုလိုပင်

"မေမေလည်း မရိုက်ချင်ပါဘူးကွယ်
သူများနိုမ်မှာကြောက်တာရယ် ဒီကလေး
ပြန်မပြောနားမထောင်နဲ့ အရမ်း ရဲတင်းလွန်းမှာစိုးလို့"

"မယ်က ရိုးသားတယ် မေမေရဲ့ သူ့စိတ်ထဲရှိသလို ကလေးဆိုတော့ ပြောမိဆိုမိတာမျိုး ရှိတာ ပေါ့....'"

"ရိုးလွန်းရင်အ တဲ့
သွက်လက်လွန်းရင်လည်း ရဲတင်းတယ်သမီး
အခုရွယ်လေးနဲ့ သူရည်းစားထားဖို့ဆုံးဖြတ်တာ မေမေသဘောမကျဘူး..."

"သွယ် ဖြောင်းဖြကြည့်ပါ့မယ် စိတ်လည်း တအားမပူနဲ့ဦး
ဆီးချိုကျဆေး သောက်ပြီးပြီလား!!"

"အေးကွယ် ဆေးသောက်ဖို့တောင်မေ့နေတယ်..."

"ထိုင်နေမေမေ သွယ် လုပ်ပေးမယ်
အဆီထုတ် ဘီစကစ်အရင်စားလိုက် ထမင်းစားပြီးတာ ကြာပြီမလား!!!'

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now