"ရော့ ငါးသိန်း !!'
"ဟယ်!!"
"ပျော်မနေနဲ့ နေ့ပြန်တိုးဖြစ်ဖြစ် နင် ပေးစားပေါ့ ရသမျှ အမြတ် 80% ငါသိမ်းမယ်!!"
"ဟ!!!"
"နင်ကငါတို့ကို ခိုင်းစားဖို့ပြန်လာတာလား
လူကိုအရူးလာမလုပ်နဲ့!!""သဘောပဲ လေ ဒီပိုက်ဆံ ယူချင်ယူ
မယူရင် ကြက်ဝိုင်းသွားဖို့""သမီး သာယာ ယူလိုက်စမ်း
အိမ်စရိတ်ရတာပေါ့ကွယ် အေ့!!""အမြတ်ကို ငါးဆယ် ငါးဆယ်ပဲလုပ် ရိုင်း
ငါက ကြွေးလိုက်တောင်းရဦးမှာ"သူ့ပိုက်ဆံတွေကို လောဘရမက္္ ကြီးစွာနဲ့
အကြည့်မလွှဲနိုင်စွာရှိတဲ့ သာယာ့ကို ကြည့်ပြီး
ရိုင်း ခပ်မဲ့မဲ့ပြုံးရင်း
အကျီ၀တ်ကာ အပြင်သွားဖို့လုပ်တော့"ဟဲ့ ဘယ်လဲ ဒါက??"
"နောက်တစ် ခါ ကျုပ်ကို မေးခွန်းထုတ်မယ်ဆို အရှေ့က ဟဲ့ကို ဖြုတ် "
"ဘာ !!!"
မေးတာကိုလည်းဖြေမသွားသလို လူကို တသွေးတသံဖြင့်အမိန့်တွေပေးသွားသေးသည်။
ရိုင်းရောက်လာမှ အိမ်က တောင့်တောင့်တငိးတင်း ပြန်ဖြစ်သည်။
TV , ဆိုဖာခုံတွေနှင့် အတူ
ပန်ကာဘာညာကအစ နေ့ခြင်းညခြင်းပုံစံပြောင်းလိုက်သလို
လက်ဖျားငွေသီးနေပြီး အကြည့် အပြောတို့ကအစ မောက္မာ သည်။ပိုရိုင်းစိုင်းလာ၏။သူရောက်လာမှ ဒီလို ကောင်းကောင်း
နေရတာပါလားဆိုသည့်အတွေးမရှိပဲ
သူကဘာမို့လို့ ဒီလိုနေနိုင်ရတာလည်းဆိုတာကိုပဲ တစိမ့်စိမ့်တွေးကာ မရှုနိုင့်မစိမ့်နိုင်
ငွေကို မက္ပေမယ့် ဦးညွတ်ရမှာ ၀န်လေးနေတတ်သူလိုမျိုး"သမီးရယ် အဖေတို့ အနေထားက ငတ်တော့ပြတ်တော့မယ့် အနေထား
သူပေးတုန်း ကျွေးတုန်း!!""တော်လိုက်တော့ ဖေဖေ
အရက်ကိုကျ လျော့သောက်္မယ်မရှိဘူး
အဖေ့မယားတွေအတွက် ကုန်ခမ်းပြီးမှ ဒီသားသမီး ရင်စည်းခံနေရတာ ဘယ်လောက်ကြာပြီလဲ..အခု သူပေးနေတာ ကျွေးနေတာတွေဟာ သူ့အမေ သမုဒယ အိမ်မှာ အခန့်သင့်စားသောက်သွားတာတွေနဲ့ ချေချလို့ရတယ် "
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...