"ဒီအိမ်ထဲမှ ချိန်းပြီး ဟိုလူတွေမပါတာ ဘာသဘောလဲ သန်းဇော် !!!"
"ကျုပ်ကို ခင်ဗျားတို့ပဲ ဒီဖိတ်ခဲ့တာလေ"
"ကြောင်တောင်တောင်လုပ်နေပြန်ပြီ ခင်ဗျားပဲ ဦးဧက တပည့်တွေ လွှတ်ပေးမယ်ပြောထားတာလေ "
"ခက်နေပြီ ခများတို့ ဇယားတွေကမပြီးသေးဘူးလား၊ အလိမ်ညာတွေ ဗန်းပြပြီး စုံမပြောနဲ့"
"ငါတို့ ဧက နဲ့တွေရမှ ဖြစ်မယ်"
"မသိဘူးဗျာ ကျုပ်လည်းခများတို့ကို အာ့တာနဲ့ပတ်သတ်ပြီး ပြောစရာမရှိတော့ပြန်မယ်"
သီဟကတစ်ခုခုလွဲနေပြီဆိုတာသိပေမယ့် ဧက နဲ့ လူချင်းတွေ့ခွင့်ရဖို့ သန်းဇော်ကိုပဲ အတင်းကျပ်မေးမည် စဉ်းစားကာ
"မင်းသိတယ်မလား လုပ်ပါသန်းဇော် မင်းအတွက် မနည်းစေရပါဘူး"
"ဟား!!!ကျုပ်ကိုတောင် ဟိုကိစပြီးထဲက ဖယ်ခွာလိုက်တာ အခု ရုံးငယ်ပိစိလေးတစ္ခုရဲ့ မန်နေဂျာသာသာအဆင့်ပဲရှိတော့တယ်"
"ပန်းတစ်ပွင့်နဲ့ ခများတို့ ဘယ်လိုတွေ သိုသိုသိပ်သိပ်ဖြေရှင်းခဲ့ကြလည်း၊ ဧက ကရော ကျုပ်တို့နဲ့ ဘာလို့ လာမတွေ့နိုင်ရတာလဲ??"
"ဒီမေးခွန်းအတွက် အဖြေမရှိဘူး သီဟ
ငါ့ကိုမင်းတို့ခေါ်တယ်ထင်ပြီးလာတာ တခြားကိစမရှိရင် ပြန်မယ်""နေဦး မင်း ဧက နေရာတော့သိသေးတယ်မလား"
"ကျုပ်ထက် ပန်းတစ်ပွင့် ပိုသိတယ် "
"အဲ့မိန်းမကိုလွှဲမချနဲ့ လျှာနှစ်ခွနဲ့ မြွေဟောက်မ!!!'
"ကြာတယ်ကွာ သီဟ လုပ်တော့"
မင်းတာယာသတိပေးတော့မှ သီဟက လှမ်းပြီး ခုံကျိုးတစ်ခုနှင့်ပစ်ပေါက်သည်။
အလစ်ငိုက္မို့ နားထင်စပ်ထိသွားပေမယ့် သန်းဇော်က ကုန်းရုန်းထကာ"ဟေ့ကောင်တွေ ဒါဘာသဘောလဲဟမ်!!!"
"မင်း ဧက နေရာကို သေသေချာချာပြောရင် အသားမနာဘူး"
"မင်းတို့ကို ပြောပြချင်စိတ် မရှိဘူး မင်းတို့စောက်သုံးမကျလို့ ဟိုမြေခွေးကောင်က ငါ့လက်တွေကို တစ်ဆစ်ချင်း ချိုးချတာ"
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...