"တစ်ချက်လောက်ကြည့်လိုက်ပါဦးမယ်"
"ဘာကိုလဲ ပန်းချီ ဒီမှာ မေမေခိုင်းတာရှိလို့
အိမ်စောစောပြန်ရဦးမှာ"သင်တန်းအပြန်လမ်းခုလတ်ကနေ ပန်းချီတို့စောင့်နေတာတွေ့တော့ အံ့ဩသွားပေမယ့်
ကိုယ့်ဆီအကြောင်းမဲ့လာတာမဟုတ်မှန်းတော့ခန့်မှန်းမိသည်။ဖုန်းထဲကနေ တစ်ခု
ခုထုတ်ပြဖို့လုပ်လိုက် နှစ်ယောက်သားတီးတိုးပြောဆိုလိုက်နှင့်မို့ လူကစိတ်မရှည်တော့"နင့်လူလေ !!!'
"အွန်း!!"
"ကလပ်မှာ စားစော်ကြီးတပွေနဲ့ ညိနေတာ ညကငါတို့ တွေ့လိုက်ရတယ်"
"ဘာ!!!!'
"ဟုတ်တယ် မယ် အဲ့မိန်းမက အမ်းတဲ့နေရာမှဆရာကြီးနော် ဘ၀ကို တကယ်အဲ့လိုမထင်ထားဘူးသိလား!'
မျက်နှာကို ရေနွေးပူနဲ့ ပက်ခံလိုက်ရလို ရှက်ရွံ့ခြင်းကထွက်ပေါ်လာသည်။
ဘာတွေလဲ ၊ဘာသဘောတွေလဲ ဆိုတာ မတွေးနိုင်သေးခင် ဒါလီတို့ကတော့ စကားကို ထိန်းသိမ်းမပြောဘဲ သာသာထိုးထိုး ရင့်သီးစွာ ထိုးနှက်၏။"ပိုင်းလုံးကောင် ဖြစ်နေတာမယ် နင် အဆက်ဖြတ်လိုက်တော့"
"အာ့တာပြေတာ အကြောင်းမသိဘဲစွပ်တွဲတာကိုး"
"ဒီမှာကြည့် ငါတို့နင်မယုံမှာဆိုးလို့ ရိုက်လာတာ"
ဖုန်းကိုမျက်နှာရှေ့ထိုးပေးတော့ အယောင်ယောင်မှားမှား ကြည့်လိုက်္မိသည်။
ကြည့်သာကြည့်သည် မျက်လုံးထဲ ဘာမှမမြင်မိဘဲ စိတ်ထဲ၀ယ် ရှက်ရွ့့ံသိမ်ငယ်ခြင်းက ကြီးစိုးလာသည်။"အဲ့မိန်းမနဲ့ ပတ်သတ်တဲ့လူတိုင်းက မကောင်းတဲ့သူများတယ် ပြီးတော့ မူးယစ်ဆေးသုံးတာများတယ့်အသိုင်းဝိုင်းနော် မယ်
ပေါ့စေလိုလို့ကြောင်ရုပ်ထိုးကာမှ!!!'"အေးလေ နင်ကတော့ အချစ်ရေးကံဆိုးနေတာပဲ ငါဖြင့် ညကတောင် အိပ်မပျော်ဘူး ဒီပုံပြချင်လွန်းလို့"
"ရုပ်ကလည်းဖြောင့် အပြောကလည်းကြွယ်တာကိုး"
"အာ့တာကြောင့်လည်း ဟိုမိန်းမကြီးက တက်ဖက်္မတက်ဖြစ်နေတာ ဟယ် အပြင်မှာ ပုံထဲကထက် အခြေနေဆိုးတယ်"
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...