"ပြောစရာရှိတယ်ဆို"
"အင်း"
"ထူးထူးဆန်းဆန်းပါလား"
"နင့်ကိုပဲဒဲ့မေးတော့မယ်"
"ဟောတော့ ကဲ ပြောစေ"
ထိုက်က မကြာသေးခင်ကမှ ၀ယ်လာသည့်
Gucci အိတ်ကို စားပဲွပေါ်တင်ရင်း
အသစ်လုပ်လာသည့် nailတွေကိုသာစိတ်၀င်တစားကြည့်နေသည်။အကဲက စိတ်မရှည်ဟန်
ထိုအိတ်ကို ဖယ်လိူက်ရင်း"နှင်းဆီမယ်နဲ့ နင်က ရည်းစားလုဘက် မလား??!
"ဘာ!!!!!'
ထိုက်ကလန့်သွားဟန် မျက်လုံးပါ၀ိုင်းကြကာအသည်းအသန် ပျက်ကွက်သွားသော အမူယာကို ပြင်လိုက်ရင်း
"ကောလဟာလတွေ ဘယ်ကကြားလာတာလဲ"
"နင်သိစရာမလိုဘူး
ဟုတ်လားမဟုတ်လားအတည်ပြုယုံပဲ""အဟွန်း အခုက ဘယ်လိုထင်လို့"
"ဟုတ်နေတာလေ"
"ဟမ် ဘာ!!!!!"
"သွားဦးမယ် မိန်းမနောက်ပိုးလုပ်တာလည်းကြည့်လုပ်ပေါ့ "
"ဘာ ဟဲ့ အကဲ နင်နေဦး"
ဆွေ့ဆွေ့ခုန်သွားသည့် ပုံရိပ်ကို အကဲကသိပေမယ့်လှည့်မကြည့်ပဲ ပြန်လည်ထွက်ခွာသွားသည်။
ဒီလိုတွေဖြစ်အောင် နင်လုပ်ခဲ့တာအကွက်ချခဲ့တာလေလို့အော်ပြောချင်ပေမယ့်
စိတ်ကိုပြန်ထိန်းလိုက်ရသည်။
အကဲဆိုတာ controlလုပ်ဖို့ လွယ်ကူတဲ့ သူမဟုတ်.......
"အေးတယ်လေ အထာ ရေကို ရေနွေးလေးစပ်ပေးမယ်"
"မရဘူး ရေအေးချိုးမယ် လို့ နော်မာမီ"
"ဘာကိစ္စနဲ့ချိုးခြင်ရတာလဲ"
"ဟိုလေ အတာနဲ့ ပြိုင်လောင်းထားလို့"
"အတတ်ကောင်းတွေတတ်နေပါလား
ဟမ် မရဘူး ရေနွေးနဲ့ချိုးရမယ်""ခ်ခိ တွေ့လား ငါပြောသားပဲ မာမီလက် မခံပါဘူးလို့"
"အေးပါ လုပ်ထားပေါ့ဟွန်း"
"လာလာ ၂ယောက်လုံး မာမီရေချိုးပေးမယ်"
အိမ်က ကျယ်ပေမယ့် ခြံလေးနှင့်ဆိုတော့ နေချင်စဖွယ်
ခေတ်မှီဖဲွ့စည်းပုံတွေနှင့်မို့နေထိုင်ရတာ ခက်ခဲမှုမရှိ
ရေချိူးဇလုံလေးထဲ ရေနွေးစပ်ရင်း
ကလေးနှစ်ယောက်ကိုထည့်ပေးတော့
ဆော့လိုက်ကြတာ သူမကိုပါ ရေစတွေလာစင်သည်။
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...