ပီကေ၀ါးနေတာလား တစ်ခုခုစားနေတာလားမသိ
သူ့ကြည့်ရင်အမြဲအဲ့ပါးစောင်ကလှုပ်စိလှုပ်စိ
ကွမ်းစားလည်းရဲထညစ်ပေနေအောင်စားတာလည်းမဟုတ်
ညိုလှသောအသားရည်ဟာလည်း အနည်းငယ်လတ်နေသည်။ဘယ်နေရာကြည့်ကြည့် ဘ၀နဲ့တူသွားလိုက်
အမူအကျင့်တွေမြင်ရရင်လည်း ဘ၀နဲ့ ဘာမှမဆိုင်တော့သလိုခံစားရသည်။
မူလတည်းကသူက ဘ၀ မှမဟုတ်ခဲ့တာ
တူးဆွနေသောမြေစိုင်လေးတွေက ပန်းအိုးထဲမှာ ပေကျံရှုပ်ပွသွားသည်။ဘယ်လောက်တောင်အတွေူးများနေခဲ့ပါ လိမ့်
သူမ အကြည့်တို့ပြန်ရုတ်သိမ်းရင်နာရီကို
ကြည့်မိတော့ ညနေ ၃နာရီကလေးတွေကျောင်းဆင်းချိန် အမှီလေးသွားဖို့ သူမစီစဥ္ထားသည်။
ကျောင်းကြိုပြီးတာနဲ့ ခေါင်ရိပ်နှင့်
အန်တီလှရင်ကိုပါခေါ်ပြီး ညစာအပြင်မှာထွက်စားဖို့တွေးထား၏။
ခေါင်ရိပ်၏မွေးနေ့လေးမှာ လူစုံတက်စုံဖြစ်စေချင်တာကြောင့် မေ၀ကိုမနက်ထဲက
ကြိုခွင့်တောင်းရသေးသည်။
ဒါကိုတော့ခေါင်ရိပ်မသိသေး"ဟော မယ် ပြီးပြီလား"
"ဟုတ် ပြီးပြီ မေ၀ ခနနေ ပြန်လို့ရတယ်မလား"
"အင်းရတယ် ဒီနေ့စောစောပြန်ဖို့ မေ၀ ခွင့်တောင်းပြီးပြီ"
"ကျေးဇူးပါ မေ၀ရယ်"
"မယ့်ကြည့်ရတာပျော်နေသလိုပဲ အိမ်ကိုစောစောပြန်တာမရိုးဘူးနော်"
"မဟုတ်တာ မေ၀ရဲ့ မယ့်ရဲ့ မောင်လေးမွေးနေ့
သူ့အတွက် အတာတို့နဲ့ အတူsupriseလုပ်ဖို့စီစဥ္ထားတာ""အမလေး တွေးပေးတတ်တာကျန်း
အတာတို့ကဒါမျိုးကျပိရိတယ်နော်ကလေးတွေဆိုပေမယ့်""ဟုတ်တယ်မေ၀ရေ
အခုလိုအကြံကိုလည်းအတာပဲပေးတာ
အထာကတော့ စားမယ့်ဆိုင်ရွေးပေးတယ်""မယ်တော့ ဒီရတနာလေးတွေရှိတော့ပျော်နေရမှာပဲ"
"အဟင်း တကယ့်ကို အဖိုးတန်တာပါ မေ၀ရေ
ကဲဒါဆို မယ်သွားပြီနော်""တာ့တာ မယ်"
"ဟုတ်"
အခန်းနံရံတစ်ခုသာခြားပေမယ့် အသံတို့ကအတိုင်းသား
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...