part -13

1.6K 142 8
                                    

အရေးပေါ်ခန်းထဲကနေ သုံးရက်ကြာသည့်နောက် ကြပ်မပ် ကုသဆောင်ထဲမှာပဲ ရောဘတ်တစ်ယောက် ရှိနေခဲ့သည်။

ထိုက် နားထင်ကြောတွေ အသာနိုပ်ရင်း ထိုင်စောင့်နေတာ ၅နာရီလောက်ရှိပြီဖြစ်သည်။
သူမစိတ်ကို အရှည်ဆုံးဆဲွဆန့် ထားရပေမယ့်
ကြောက်စိတ်ကြောင့် ပိုမိုတောင့်ခံနေရသလိုဖြစ်နေသည်။

ဒီဒဏ်ရာတွေ ဒီ​ေ၀ဒနာတွေက အကဲနဲ့ ချိတ်ဆက်ဖို့ များသည်။
သို့ပေမယ့် အကဲ ဒီနေ့ထိ ပေါ် မလာသေးသလို ဖုန်းတောင် မဆက်
မဖြစ်နိုင်ပါဘူး မဖြစ်ပါစေနဲ့ ဆုတောင်းသံတွေဟာ တနေကုန် မဆဲတော့

"အ !!!!"

ပတ်တီးအဖွေးသားနဲ့ ရောဘတ်ဆီကနေ
ညည်းညူသံတချို့ထွက်လာသည်။

"ရောဘတ် !!!!"

မျက်လုံးတို့ တင်းကျပ်အောင်ပိတ်ထားရင်း လက်တို့က အပေါ်ကို မြောက်တက်လာသည်။ပတ်တီးကနေသွေးတို့ကစိမ့်ထွက်လာပြီး
ဖူးယောင်ကိုင်းနေသောမျက်နှာဟာ
ထိတ်လန့်စရာကောင်းနေသည်။
ထိုက် အတွက် ထိုမြင်ကွင်းက သွေးပျက်ဖွယ်

"Doctor!!!!"

သူမကြောက်လန့်တကြား doctor
ခေါ်မိတော့မှ ပြန်လည်ငြိမ်ကျသွားပြန်လေသည်။
ဘုရားသိကြားမ လို့ ရောဘတ် ဒီအတိုင်း မသေသွားပါစေနဲ့

.........

လွန်ခဲ့သော ၄ရက်ခန့်က

"ကျုပ်ကတစ်ကောက်ကြွက်"

Clubထဲမှာဆူညံသံတွေရှိပေမယ့်
ရောဘတ်က ခပ်ကြိတ်ကြိတ်ပြောလိူက်သည်။

သူ့ရှေ့က ပုဂ္ဂိုလ်က ဆေးပြင်းလိပ်ကို ရှိုက်လိုက်ရင်း အငွေ့တန်းကို သူ့မျက်နှာရှေ့ မှုတ်ထုတ်လိုက်သည်။

"အဟွတ် !!!"

"မင်းမှာမိသားစုရှိတာ မင်းကမေ့လောက်ပြီ ထင်တာပဲ
ဒါပေမယ့် တစ်သက်လုံးထုတ်ဖော်မပြခဲ့တဲ့မင်းမိသားစုအကြောင်း ငါက သိနေတယ်"

"ဟုတ်လား ပြောပါဦး"

ရောဘတ်က အကဲကို မကြောက္ မလန့်မဲ့ပြောလိုက်သည်။

"india မှာ ကျောက်ကပ်အတွက် ဆေးရုံတင်ထားရတဲ့ မင်းအမေရယ်

japan မှာ chef ဖြစ်နေတဲ့ မင်းညီရယ်
နောက် us မှာကျောင်းတက်နေတဲ့ အရမ်းကိုမှ ချစ်ဖို့ကောင်းတဲ့ မင်းညီမ လှလှလေးရယ် ရှိတာသိထားတယ်ဆိုရင်ရော"

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now