part-1

9.7K 247 8
                                    

"ကျောင်းတက်ဖို့ အရွယ်ရောက်နေပြီနော် သမုဒယ!!"

"ကျွန်မသိပါတယ်ဒွေးလေးရယ် ဒါပေမယ့်"

"ညည်း အကြော်ဖြစ်ဖြစ်ရောင်းပြီးထားပါလား ကလေးကျောင်းစရိတ်ရအောင်"

"ရောင်းချင်တာပေါ့ ဒါပေမယ့် သူ့အဖေနဲ့မဖြစ်ပါဘူးလေ"

"ဒါဆိုလည်း လက်ချုပ်လိုက်တာဖြစ်ဖြစ်လုပ်ပါလား"

"အင်း အဲ့တာတော့ရတယ် ဒွေးလေး ကျွန်မလုပ်ပါ့မယ်"

"အေးကွယ် ညည်းက နားသိပ်မကောင်းတော့ ငါ့နှယ် အတင်းပြောချင်ရင်တောင် အိမ်မှာလူလစ်မှ လာပြောရတဲ့ဘ၀"

"ဟုတ်ပ နော် ဒွေးလေးရယ် ကျွန်မလည်း
၀ဋ်ကျွေးပါပဲ"

"ညည်းသားက ကျားဖြစ်မှ ရမယ်"

"အား ဖြစ်ရမှာမဟုတ်ဘူးလား ဒွေးလေးရဲ့"

"အင်း ဒီအိမ်ပုံစံနဲ့တော့ အား ဖြစ်မလာစေချင်ဘူးအေ စိတ်ယုတ်တယ်ပဲဆိုဆို ဘ၀ တစ်ခုခုပြန်လုပ်တိုင်း ငါကအားရနေတာ"

"ဒါပေမယ့် လူဆိုးလေး ဖြစ်မသွားစေချင်ဘူး ဒွေးလေးရယ် ဘ၀ရိုင်း ဆိုတဲ့နာမည်ကို အဲ့တုန်းက ခံစားချက်နဲ့ပေးမိပေမယ့် နာမည်စီးပြီးရိုင်းမှာစိုးလို့ ဘ၀ ပဲခေါ်တာသာကြည့်"

"ဟုတ်ပါပြီ ကျုပ်လည်း အိမ်ပြန်‌ဦးမယ် မြေးအငယ်ကောင်လေးဒီအချိန်ဆိုနိုးလောက်ပြီ
သူ့အဖေမေတွေ မြိုတက်စက်ရုံဆင်းတော့
ငါကပဲ ထိန်းကျောင်းနေရတယ် ဝေ့ အခုရွယ်ထိ အနားမရပါဘူး"

ဒွေးလေးက အသက်ကြီးသူပီပီ ညည်းတွားပြောကာ အိမ်အောက်ကို ဆင်းရင်းနှုတ်ဆက်ပြန်သွားလေသည်။

အသက်ခြောက်နှစ်ပြည့်‌တာမို့ ကလေးကို ကျောင်းတော့ သူမထားချင်သည်။

သို့ပေမယ့် သူ့အဖေဖြစ်သူက နောင်နှစ်မှဆိုပြီး ပြောလိုက်ထဲက သူမထမင်းပါစားမ၀င်တာ နှစ်ရက်ရှိလေပြီ

ဘ၀ ကတော့ ဘာကိုမှစိတ်မ၀င်စားပေ။
ဆော့တာလည်း တနေကုန်
ဟိုတလောကလည်း ရွာထိပ်က သစ်ပင်ပေါ်ကို တက်ကြေးပြိုင်တာ ဗိုလ်အရင်စွဲသည်။
သို့ပေမယ့် ကြေးကို လျော့ပြီးပေးလို့ ထိုးလိုက်ကြိတ်တာ တစ်ဖက်ကလေး ခေါင်းပေါက်သွားခဲ့ရ၏။

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းحيث تعيش القصص. اكتشف الآن