"သူဘယ်လိုနေသေးလဲ"
"အခြေနေက သက်သာနေပြီ ခေါင်းဆောင် အိပ်သင့်တယ်လို့ ထင်တယ်"
"မအိပ်ဘူး မင်းဒီမှာနေ ငါသွားစရာရှိတယ်"
"ကျွန်တော်လိုက်္မယ်"
"စကားတွေအများကြီး မပြောဘူး ခေါင်ရိပ် ဒီအချိန်မှာငါအမိန့်ပေးသမျှ နာခံတာပဲ လိုချင်တယ် ၊ "
ခေါင်ရိပ် ခေါင်းကို အသာညိတ်ပြကာ ဆေးရုံရှေ့မှာ ငိုရင်း ရိုင်းကို မုန်းတီးစွာကြည့်နေတဲ့ မမလေးအမေဖြစ်သူက ထိုင်လျက်သား
အမဖြစ်သူရောညီမဖြစ်သူပါရှိနေပြီး
မမလေးရဲ့ အရေးပေါ်ခန်းရှေ့မှာ စောင့်နေတာဖြစ်သည်။ခေါင်းဆောင်ကိုလည်းရိုက်နှက်ထုထောင်းရင်း ပါးစပ်ကတဖွဖွပြောတာ မင်းကြောင့်တဲ့
အံသွားတွေ တင်းနေအောင်ကြိတ်မိတော့ လက်တို့ကအလိုလျောက် နားထင်ကို ပွတ်သပ်မိသည်။
ဒေါသထွက်သည်
ခေါင်းဆောင်ကိုဒီလိုဆက်ဆံတာ သူဒေါသအရမ်းထွက်သည်။
သို့ပေမယ့် စိတ်တို့ကို ချိုးနှိမ်ရင်း"စိတ်မပူပါနဲ့အန်တီ ကျွန်တော်တို့အကောင်းဆုံးဆရာ၀န်တွေနဲ့ operation လုပ်ခိုင်းထားတာမို့ သတင်းကောင်းကိုပဲ မျှော်လင့်ကြတာပေါ့"
သူပြောစကားမှာ ဟွန်းကနဲ မျက်နှာမဲ့သွားတော့ သူပြုံးနေတဲ့ အပြုံးတွေဟာလည်း အလိုလျောက်ကွာကျသည်။
ဒီအထိတော့ သူလည်းသရုပ်မဆောင်နိုင်
ထင်ချင်သလိုထင်........
"ရောက်လာပြီလား"
အရက်ခွက်ကို ကိုင်ရင်း ရာထူးစံက ခပ်ထေ့ထေ့ပြောသည်။
သူ့မှာလည်း အသိုင်းနဲ့အဝိုင်းနဲ့ဆိုတာ ပြသဖို့ ဘေးမှာလည်း လူမိုက်လိုလို ဘာလိုလို ကောင်တွေက အယောက်နှစ်ဆယ်လောက်ရှိသည်။"မင်းလုပ်တာလားလို့ ငါမမေးဘူး
အေးပစ်မယ့်ပစ် ငါ့ကို ထိအောင်မပစ်နိုင်ဘူးလား ဟမ်!!!""အဟွန်း အခုက မင်းကဘာတွေ မကျေနပ်ဖြစ်နေတာလဲ"
"မင်းသိရက်နဲ့!!!"
"ဟုတ်သား ဂျစ်တူးဆေးရုံပို့လိုက်ရတယ်ကြားတယ် ကိစမရှိဘူး
သူအသက်ရှင်သည်ဖြစ်စေ အသက်္မရှင်သည်ဖြစ်စေ မင်းနဲ့ငါကတော့ ပြီးဆုံးမှာ မဟုတ်ဘူး ဆက်လက် တိုက်ပွဲ၀င်ရမှာဘဲ"
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...