"နေမကောင်းတာတောင် အလှမပျက်ဘူး
တောက်!!!!"၀ယ်လာသည့် အင်္ကျီထုတ်တွေကို စောင့်ချလိုက်တော့
ပိုပိုက အပြေးလာကောက်သည်။ပေါင်လည်ထိတိုကပ်နေသော ဂျင်းစကဒ်က တင်းပြည့်သော ကိုယ်မှာ ချပ်ရပ်စွာရှိနေသည်။
သေးသွယ်သောပေါင်တံလှလှလေးတွေကြောင့် ထိုက်က ဘာ၀တ်၀တ် လှသည်။
သို့ပေမယ့် အလိုမကျတဲ့ကာလတွေကြာရှည်ခဲ့တာကြောင့် နဖူးကြောတို့က အမြဲ တွန့်ချိုးနေဆဲ
ယခုလည်း ဖုန်းကိုကြည့်ရင်းအသဲသန်ဒေါသထွက်နေပြန်သည်။"ပိုပို!!!"
"ရှင် မမ"
"ဒါတွေသွားလွှင့်ပစ်လိူက်"
"ရှင်!!!"
"ဟုတ် ဟုတ်ကဲ့"
သူမအူကြောင်ကြောင်ထပ်မေးရင် ပါးကိုရန်ရှာလာနိုင်သည်မို့
တန်ဖိုးကြီး အထည်ထုတ် တွေကို အလျင်မြန်ကောက်ယူကာ
အခန်းပြင်ထွက်လာလိုက်ရသည်။ထိုက် ပိုပို့ကို အမြင် မကြည်စွာကြည့်ရင်း
ဖုန်းမှာရောက်နေသော ပုံကို ထပ်ကြည့်မိပြန်သည်။အသည်းသန်ငိုကြွေးထားဟန်
သို့ပေမယ့် ခေါင်ရိပ်ကဘေးကနေတယုတယရှိနေပေးတာ ပုံမှန်ပေမယ့်
နောက်ကွယ်ကသစ်ပစ်ရိပ်မှာ အကဲက စီးကရက်သောက်ရင်းကြည့်နေသည်။
မှုန်ပြပြပေမယ့် အကဲဆိုတာ ကျိန်းသေပင်မဖြစ်သင့်တဲ့မြင်ကွင်း
အကဲက ဘယ်လိုလုပ် မယ်နေတဲ့နေရာထိသိသွားတာလဲ
ပြီးတော့ မယ့်ကို ခါး ခါးသီးသီး နှင်ထုတ်ပြောဆိုပြီးကာမှ ဘာအတွက် ထိုနေရာကို သွားလိုက်တာလဲထူပူနေသောရင်အစုံက တုန်တုန်ရီရီဖြစ်လာသည်။
အကဲတစ်ခုခုရိပ်မိမှာ သူမ အရမ်းကြောက်သည်။
အစတစ်ခုရတာနဲ့ ဇစ်မြစ်ထိသွားနိုင်သည့်သူ့ဦးနှောက်ကို ပိုလန့်တာဖြစ်သည်။
သူမအနေနှင့် မယ့်ကို အမြင်မကြည်အောင်တားဆီးနိုင်လို့ ၀မ်းသားရမလားမှတ်တယ်
ယခုအနေထားကြောင့် လူက ဆောက်တည်ရာမရရဲဇေ က up to date သတင်းတွေပုံတွေပို့ပေးလာတာကြောင့် သူမစိတ်အေးနေခဲ့တာဘယ်လောက်ရှိသေးလို့လဲ
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...