part-7

3.7K 122 6
                                    

"ဒီနေ့ စက်ဘီးကို ပြန်ရှာပေးလို့ ကျေးဇူးတင်ပါတယ်"

သူ့ရှေ့ကနေ တရုိတသေပြောနေသော နှင်းဆီမယ် ကြောင့် ရာထူးစံ ရယ်ချင်သွားသည်။
ဒါမျက်နှာချိုသွေးတဲ့သဘော

"ဒီအတိုင်းဘယ်ရမလဲ"

"ဟင် ဒါဆို ဘယ်လို လုပ်ပေးရမလဲ?"

"အင်:!!!!!ဆယ်ရက်တိတိ ကိုကို သဘောကျတဲ့ ပုံစံအတိုင်းနေပေး"

"ဟွန့် မယ်က!!!'

"စောဒကမတက်နဲ့ ပြောတဲ့စကားနားထောင်!!"

"ဟုတ်!!"

ယဉ်သကိုဆန်စွာဆယ်ရက်တိတိနေရတော့မှာကို ကြိုသိနေသည့်မယ်က တီကောင်ကို ဆားနှင့်ပတ်သည့်နှယ်
ထဘီစကဒ်ကတော်ရှာပေမယ့် ရိုးရိုးထဘီဆို ကျွတ်ကျအောင်၀တ်တတ်သည့်သူမဟာ
ကိုကိုပြောသောလမ်းစဉ်မှာ အတိအပ ခက်ခဲလာဖို့တွေရှိသည်။
သို့ပေမယ့် ကိုကို့ကိုချစ်ရတာမို့ အောင့်အီးသည်းခံဖို့ဆုံးဖြတ်လိုက်ရင်း

"အာ့ဆို ပြန်တော့မယ်"

"နေဦး!!"

"ဟင်!!"

"ကိုကို့ကို ချစ်လား"

ရာထူးစံက ပေတိပေစုတ်လေးဖြစ်နေသည့်မယ့်ကို ရွှန်းရွှန်းစားစားကြည့်ကာ
ပြောလာတော့ မယ့်ပါးပြင် ဆေးရောင်ကူစရာမလိုဘဲ ရဲတွတ်သွားသည်။
ကိုကို့ဘက်ကပြောခဲတာမို့ အခွင့်ရေးလက်လွှတ်မခံတော့ဘဲ
မျက်၀န်းတွေ မှိတ်ကြသည်အထိပြုံးပြကာ

"ချစ်တာပေါ့ အရမ်းချစ်တာပေါ့ကိုကို!!!"

...........

"သမီး မယ်!!!'

"ဗျာ့!!!'

"အံမယ် ဒီတစ်ခါ တယ်ထူးဆန်းပါလား ခေါ်တုန်း တန်းရောက်လာလို့"

"ဟိဟိ မယ်လိမ်မာနေပါပြီ မေမေရဲ့"

"အဲ့အပြောပဲလန့်နေရတာ"

"မလန့်ပါနဲ့ မေမေ ဘာခိုင်းဖို့လဲ မယ့်ကို ခေါ်တာ"

အမေကို မေးတာလဲမေး၏။လက်ကလည်း
ဂိမ်းကို တိုက်နေတာ မအားလပ်

"ငြိမ်ငြိမ်လေးတစ်ချက်နေပါလား မယ် ရယ်"

"ဟုတ် ဟော ကြီးကြီးချို သံပုရာရည်လေး ဖျော်မတိုက်ချင်ဘူးလား"

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now