"ဘာတွေလျောက်္သွားနေတာလဲ Rose ရယ်"
အလုပ်ကပြန်ရောက်ထဲက ရိုင်းက အကျီတောင်မလဲသေးဘဲ ထိုင်စောင့်နေဟန်
သူမကို မြင်တော့ ခြေလှမ်းကျဲတို့ဖြင့် လာကာ
မယ့်ကိုယ်လေးကို ဆွဲယူသိမ်းဖက်လိုက်သည်။မယ့်ရဲ့မျက်ရည်တစ်စက ကြမ်းခင်းထက်ကို ဖိတ်ကျစင်သွားပေမယ့် လက်တို့ဖြင့် ပြန်
လည်ဖက်တွယ်ကာ"အပြင်ခဏလျောက်လည်တာ"
ခပ်တိုးတိုးဖြေသံကြောင့် ရိုင်းစိတ်ထင့်ကာ
"နေမကောင်းဘူး လား အငယ်လေး မင်းအမ ကိုဘာလို့အပြင်ေခါ်ထုတ်တာလဲ"
"အိမ်ထဲမှာပဲ ထားရင် အဆင်မပြေလို့လေ
ဘာလဲ သူ့ကို အိမ်ထဲမှာပဲ ချုပ်နှောင်ထားဖို့လား""အငယ်လေး"
မယ် ဟန့်လိုက်တော့ ဆည်းက မျက်နှာလေးမဲ့ကာ အခန်းထဲပြေး၀င်သွားသည်။
တစ်လမ်းလုံး အမ မျက်နှာတကြည့်ကြည့်နဲ့ ဒေါသတွေထိန်းချုပ်ပြီး အားပေးလာတာကိုယ်သိတာမို့ ပြသနာတွေမတက်ခင် ဟန့်လိုက်ခြင်းဖြစ်သည်။"လာ ပင်ပန်းသွားတာဖြစ်မယ်"
ရိုင်းကမသိသလိုပြုမူကာ မယ့်ကို ပွေ့ချီရင်း အခန်းထဲ ပို့ပေးသည်။
ဘာတွေဖြစ်လာလည်းဆက်္မမေးဘဲ
တညိငြိမ်စွာသူမကို အခန်းထဲပို့ပေးသည်။
ရေတစ်ခွက်တိုက်ရင်း မောဟိုက်နေသည့်သူမဖို့ အိပ်ဆေးတချို့ထုတ်ပေးကာ ရေချိုးဖို့သွား၏။အငယ်လေး မျက်နှာကို ရိုင်းအကဲခတ်ပုံကအေးစက်လွန်းလှသည်။
ဘာတွေကောက်ချက်ချပြီး ဘာတွေသိအောင်လုပ်ဦးမှာလဲ
နောက်ကွယ်ကနေ ဒီလိုတွေ privacy ချိုးဖောက်နေတာ ဘယ်ထဲကလဲအတွေးထဲကနေ မေးခွန်းပေါင်းမြောက်္မြားစွာကို သူမ မဖြေနိုင်သေးခင် စားပွဲစွန်းက ဆေးလုံးတချို့ကို လွှင့်ပစ်လိုက်သည်။
သူမရိုင်းရဲ့အကြောင်းကို သူဖွင့်ဟမပြောခင်ထဲက သိအောင်လုပ်မည်။
သာယာဆိုတဲ့မိန်းမကို ချုပ်နှောင်ပြီး ဖျက်ဆီးတယ်ဆိုတာ တကယ်လား
သူမတို့ မိသားစုကိုရှင်ကွဲကွဲအောင်လုပ်ခဲ့တယ်ဆိုတဲ့အရာကရော ဟုတ်သလား
စဉ်းစားလေ ရင်ဘတ်ထဲနင့်နေအောင်နာလေပင်
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...