part-6

4K 136 10
                                    

"ရိုင်းစိုင်းယုတ်မာဖို့အတွက် သိပ်အားမစိုက်ရတဲ့ အနေထားမှာ ကျုပ်ရှိနေတယ်"

"တနုံ့နုံ့နဲ့ အပစ်ကြွေးတွေ ပြန်ဆပ်ရဖို့
အပူမီးမြှိုက်တရားစီရင်ခန်း စ မယ်
ဒီပွဲမှာ
ကျုပ်သာလျှင် အရှင်
ကျုပ်သာလျှင် သခင်.....''

..........
ဦးသီဟမောင် ဆိုတာ သမိုင်းနောက်ခံ ဟာဆိုးခြင်း
ကောင်းခြင်း ဒွန်တွဲနေသော လူတစ်ဦးအဖြစ်ဖော်ပြသည်။
ရုပ်ရည်ရှိသည်။ ပိုက်ဆံရှိသည်။ အပြောကြွယ်သည်။
လောင်းကစား အသောက်စား ရှိပေမယ့် မုဆိုးဖိုဖြစ်နေတာကလွဲလို့ ကျန်တာပြောစရာမရှိ။
သားသမီးရှိပေမယ့် အဆိုးထဲကမဟုတိလို့
သမက္ တော်ချင်သူ လူအုပ်စုက ဒုနဲ့‌ေဒးရှိနှင့်ပြီးသား

ဒါကို ရိုင်းက သိသည် ၊မြင်သည်
သို့ပေမယ့် သူစိတ်၀င်စားတာ ဒီလူကြီးရဲ့ စည်းစိမ်၊ပြီးတော့ သူအတည်ပြုရမည့်ကိစတစ်ရပ်

"မနက်္မိုးလင်းငုတ်တုတ်ထိုင်ပြီး အရက်သောက်နေရတာ အတော် မှ ဇိမ်ရှိရဲ့လား"

"နင်မသောက်ရလို့လား"

မျက်ခုံးတစ်ဖက် ပင့်မေးရင်း ဂျစ်ကန်ကန်ပုံစံက ဆွဲကုတ်ပစ်ခြင်စရာ
တွန့်ချိုးနေသောမျက်ခုံးနက်တို့က အစဉ်သဖြင့် ထိုပုံစံအတိုင်း

"စကားကို ကပ် မပြောနဲ့ ငါ့အဖေ ကို အရက်ပြပြီး ခိုင်းစားဖို့ မစဉ်းစားနဲ့ နင်နဲ့သဘောတူညီမှုရထားတဲ့ အကြွေးကိစ အတိုးတောင်းတာ မရတဲ့သူတွေရှိတယ်"

"မလောနဲ့လေ မပေးသေးတာ မရသေးတာ ငါ့လာတင်ပြစရာမလိုဘူး
ဝေစုလိုချင် ဖြစ်အောင်တောင်း ရအောင်ယူ
နင်နဲ့
အပိုစကားထိုင်ပြောရအောင် ငါမအားဘူး"

"နင်တော်တော် မောက်္မာပါလား"

"မောက် မာမှုဆိုတာ သူ့အနေထားနဲ့သူမှ
ဥပမာ နင်တို့အရင်ရွှေထီးဆောင်းခဲ့စဉ်ကလိုပေါ့"

"ဘာ!!!'

"အခုရွှေထီးက ငါ့ဆီမှာ ဘယ်လိုလဲ နင့်မာနတွေ ရှေ့တန်းတင်နိုင်သေးရဲ့လား"

"နင် နင်!!!"

တနင်နင်နဲ့ သာယာ့ရဲ့ပြူးတူးပြဲတဲအမူယာက
သူ့အတွက်ပြက်လုံးတစ်ခုလို
အပျင်းပြေစရာဖြစ်ရပ်လိုလို
အရက်ကိုဇိမ်ယူသောက်ရင်း မထီတထီပြောကာ ရိုင်းက ရိုင်းစိုင်းစွာမဲ့သည်။

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now