"မယ် သမီး!!!"
"ရှင် မေမေ!"!"
"ဒီရက်ပိုင်းသမီးပုံစံကိုသဘောမကျဘူး
မေမေ မေးလို့ရပေမယ့် သမီးအပေါ်မှာ ဖိအားများမှာစိုးလို့ မမေးပဲထားတာ""မယ် မညာချင်ဘူး ဒါပေမယ့် မေမေ့ကိုလည်း မပြောချင်သေးဘူး"
"မေမေ သိထားတာတချို့ရှိတယ် ကောက်ချက်ချတာ မြန်တယ်ပဲပြောပြော
ရာထူးစံ နဲ့ အဆက်သွယ် ဖြတ်လိုက်ပါ!!""ဟင့်အင်း မယ် မပြတ်နိုင်ဘူး!!"
"နှင်းဆီမယ်!!!'
သူမအော်ခေါ်မိတော့ မျက်ရည်တွေပြည့်သိပ်စွာနဲ့ မယ် မော့ကြည့်လာသည်။
"ဒီနာမည်ကို ပေးခဲ့တာ လောကဓံကို နှင်းဆီတစ်ပွင့်လို မာနရှိရှိ ရဲရဲ၀င့်၀င့် ဖြတ်သန်းနိုင်ဖို့
အခုလို အချစ်ကို အရူးလိုကိုးကွယ်ဖို့မဟုတ်ဘူး""မယ် သိပါတယ် မေမေ့စေတနာကို နားလည်တယ်ဒါပေမယ့်
အမိန့်တစ်ခု တားဆီးမှုတစ်ခုကကောင်းကောင်းအလုပ်ဖြစ်နေရင် အဆင်
ပြေတယ်လေ
...
မယ်တို့က သိကျွမ်းလာရတဲ့နှစ်တွေကာလတွေဟာ ဆယ်စုနှစ်တစ်ခုစာရှိနေတဲ့အတွက်.....'''"သံယောဇဉ်မီးကပူလောင်တာ သိနေသားပဲ"
"မယ့် ဆုံးဖြတ်ချက်တွေအတွက် နောင်တ မရဖို့ အချိန်လိုလို့ပါ မေမေ အဲ့ဒီအတွက် မယ့်ကို မစိုးရိမ်ပါနဲ့"
"မိန်းမနှစ်ယောက်ကြားဗျာများနေတဲ့ လူလက်ထဲ မေမေ ရော့အင့်ထိုးပေးရအောင် သဘောမကောင်းသေးဘူးသမီး"
"မယ် သေချာအောင် စောင့်ကြည့်ချင်တယ်"
"မှားနေတဲ့ခြေလှမ်းတွေကို သိသိရက်နဲ့ အမှန်ပြင်ဖို့စောင့်နေတာကိုက သမီးမှားနေတာ
ယောကျာ်းတန်မဲ့ ဆုံးဖြတ်ချက်္မပြတ်သားတာကို မိဘတစ်ယောက်အနေနဲ့ သဘောထားကောင်းမပေးနိုင်ဘူး""မယ် သိပါတယ် ဒါပေမယ့် မယ့်အတွက်အချိန်လိုတယ်"
"အတ ကြီးတယ်လို့သတ်မှတ်လို့ရတယ်
လာမယ့် Sunday မေမေ့အသိတစ်ယောက်နဲ့ သမီးကို မိတ်ဆက်ပေးမယ်""ဟင့်အင်း မဖြစ်ဘူးမေမေ !!!!'
"ဖြစ်ကိုဖြစ်ရမယ် ညည်းဒီလို ရည်းစားပူမိနေတာ တစ်အိမ်လုံးသိတယ်
အငယ်မလေးဆို ညည်းမျက်နှာမကောင်းတာနဲ့ သူ့မုန့်ဖိုးတွေ ညည်းစုဘူးထဲ ခိုးထည့်
ညည်းအမဆို ရုံးကပြန်ရောက်တာတောင် မနားနိုင် မယ် အဆင်ပြေရဲ့လားအရင်မေးတာ"
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...