"မေမေရယ် တံမြက်စည်းလေး ခဏချထားပါလား ကိုင်ရတာညောင်းနေရောပေါ့"
"နှင်းဆီမယ်!!!"
"ရှန်....'
"အခုန ကကိစ ဆက်ပါဦး!!!'
"အော် တံမြက်စည်းလေးခန ချလို့ပြော..""
"အဲ့ထက်အရင်ကိစ ပြောပါ စောစောတုနး်ကလို ခေါင်းမော့ရင်ကော့ပြီး ပြောစမ်းပါဦး"
"မေမေရယ် အာ့တာကအပျော်တွဲတာပါ အခုလည်းလမ်းခွဲတော့မို့"
"အမလေး ဘုရားဘုရား နှင်းဆီမယ်!!!!!
ညည်းအေ ဘယ်တုန်းက ရည်းစားရပြီးလို့
အခုလမ်းခွဲဖို့လုပ်နေတာတုန်း!!""အင်းလေ ခုလည်းဆက် မတွဲတော့ဘူးဟာ ပြောပြတာစိတ်မပူဖို့"
"အဲ့လိုဆိုတိုင်း စိတ်ချမ်းသာရမတဲ့လား ဟမ်
အရမ်းတွေ စည်းလွတ်ဘောင်လွတ် ဖြစ်လာပါလား!!""တောင်းပန်ပါတယ် မေမေရယ်နော် နောက်တစ်ခါမဖြစ်စေရပါဘူး"
"နောက်တစ်ခါထပ်ထားဦးမယ်ပေါ့"
"အဲ့လို မဟုတ်ပါဘူးမေမေရာ လုပ်ဦး မသွယ် ဒီမှာ..."
"အမတွေ ညီမတွေကို အားမကိုးပါနဲ့ ဒီညငါကိုယ်တိုင် ဆုံးမမယ် လာခဲ့"
"အန်းသွဲ့!!!!'
မယ်က အကျယ်ကြီးအော်ပြီး တံမြက်စည်းစာကနေ အသည်းသန်ရှောင်သည်။
အိမ်ထဲပတ်ပြေးတာမရသည့်အဆုံး ခြံထဲကနေ မာလကာပင်ပေါ်တက်ကာ မျောက်လေးတစ်ကောင်လိုတွယ်ကပ်နေသည်။"သမီး သွယ် သွား!!!လက်ဖက်သုပ်
အငယ်လေး မေမေ့ကို ခုံယူလာပေး!!'ပြေးလိုက်ရတာမောဟိုက်နေသည့်မေမေက
မာလကာပင်အောက်ကနေ အကျပနထိုင်စောင့်သည်။
လက်ကနေလည်း တံမြက်စည်းကို မချ"မေမေ့!!"
"မခေါ်နဲ့ ဒိအိမ်မှာ ညည်းအမွှေဆုံး ငါတို့ဘယ်လောက်စိတ်ပူရတယ်မှတ်လဲ ဟမ်!!!'
"ဟုတ်ပါတယ် နောက်ဆို မယ် ပြောသွားမယ်လေ!!!'
"လူကြည့်တော့ ကြီးကောင်ကြီးမားနဲ့ ပြောစမ်း အဲ့ကောင်ကဘယ်ကလဲ
ဘယ်မှာနေလဲ နာမည်ဘာလဲ အလုပ်ကိုင်က!!!'
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...