part-2

5.1K 189 9
                                    

"မယ် မိန်းကလေးဆိုတာ အဲ့လို ၀င်ချင်တဲ့နေရာ ထွက်ချင်တဲ့နေရာကို မလုပ်ရဘူး"

"ဟမ်!!??"

ပါးစောင်ထဲ ပန်းသီးကြီး တစ်ခြမ်း ဒီတိုင်းကိုက်ချရင်း မယ်က မျက်စိဆွေကြည့်လာကာ

"အဲ့ အော် ယောကျာ်းစိမ်းရှိတဲ့နေရာမသွားရဘူးလို့ ကိုယ်ကမိန်းကလေး"

"ယောကျာ်းနီတွေဝါတွေရှိရင် ရတယ်ပေါ့"

"အဲ့လိုမဟုတ်ဘူးလေကွယ်"

ကြီးကြီး ဉာဏ်ရွှင်ချို က ဆုံးမချင်ပေမယ့် တစ်ခါမှ အပေါက်လမ်းမတည့်တတ်
ငယ်ငယ်လေးထဲက သူငယ်တန်း လေးခါကျမို့ ကျောင်းမနေရပဲ သူမဘ၀က ကံဆိုးခဲ့သည်။အဒေါ်၀မ်းကွဲမို့ မေမေက ဖေဖေဆုံးပြီးတာနဲ့ အိမ်ပေါ်ခေါ်တင်ပေးခဲ့တာပင်

ကိုယ်ထည်ပိန်ပိန်လေးက ချပ်ကပ်ကာခါးလေးကလေတိုက်ရင်တောင်ကျိုးတော့မယ်ပုံစံပေမယ့် ပစည်းဘာညာဆွဲရင် အသာလေးရယ်ပါ

ကျန်တာလှည့်ကြည့်စရာမလိုအောင်
တော်ပေမယ့်ဆုံးမပြီဟေ့ဆို စကားတွေကတောင်ရောက္မြောက်ရောက်
ဒါကိုမယ်ကသိတိုင်း ကပ်ဖိုးကပ်ဖဲ့ ပြောကာ ကြီးကြီးဉာဏ်ကို ရစ်သည်။

"ရာထူးစံလေးက အရွယ်ရောက်နေပြီ သမီးကသူနေတဲ့အခန်းကို သွားတယ်ဆို"

"ဟုတ်တယ် မယ်က အရွယ်မရောက်သေးလို့ သွားလည်တာ အရွယ်ရောက်တာနဲ့ ကိုယ့်အိမ်ခေါ်ထားမှာပေါ့ နော်လေ ကြီးဉာဏ်"

"အေးပေါ့ အဲ့လေ ညည်းကလည်းအေ ငါပြောတာ ဆုံးအောင်နားထောင်"

"အင်း"

"ဘယ်သူဆုံးမ ဆုံးမ ဟုတ်ကဲ့လို့ပြောရတယ်"

"အင်း"

"တွေ့လား ပြောလဲကဲလေ"

"ကဲပါ ရှေ့ဆကိပြော"

"သူတို့အိမ်ကမကြိုက်ဘဲ တမျိုးပြောလာရင် ကိုယ်ကမခံနိုင်"

"အေးလေ သူတို့ပဲခံမှာပေါ့"

"တယ် ဒီကလေး!!"

"ဟိဟိ စတာပါ ကြီးဉာဏ်ရယ် ကိုကိုနဲ့က ငယ်ငယ်ထဲက ရင်းနှီးတဲ့ဟာ သွားတာလာတာ ဘယ်သူမှမပြောပါဘူး"

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now