Intro

24.3K 317 7
                                    


"ဒီကလေကချေလေးပိုက်ပြီး အိမ်ပေါ်တက်လာတိုင်း ငါက လက်ခံမယ်ထင်လား"

"ကျွန်မတောင်းပန်ပါတယ်"

ညိုးငယ်သောမျက်နှာထားရှိတဲ့အမျိုးသမီးဟာ ဘေးမှာ ရပ်နေတဲ့သားငယ်အတွက်
မာနမှန်သမျှကိုခဝါချထားလေသည်။
ညစ်ပတ်ပေရေနေသော ကလေးငယ်ဟာ
စူးရဲသောမျက်၀န်းတွေနဲ့ ပြောဆိုငေါက်ငမ်းနေသူကို မျက်တောင်မခတ်စတမ်းကြည့်နေ၏။

"ဖေဖေရယ် ရှက်ဖို့ကောင်းပါတယ် ပြောမနေစမ်းပါနဲ့"

"ဟုတ်သားပဲ သူတို့သားအမိတွေအရှက္မရှိ တက်လိုက်ဆင်းလိုက်လုပ်နေကြကို"

သာယာနှင့် တာယာ မောင်နှမက အတိုင်ဖောက်ညီကာ ထိုလူအား ပြောလိုက်သည်။

ဒုတိယမြောက်ဇနီးမယားဖြစ်ခြင်းဟာလည်း ကံဆိုးတာလားမသိခဲ့
ပထမမယားဆုံး‌ပြီး ကလေးရှိပေမယ့် ကိုယ့်လိုအပျိုလေးကို လာတောင်းတုန်းကဒီလိုပုံစံမဟုတ်ခဲ့
ပညာလည်းမတတ် ဆင်းရဲမွဲတေမှုကြောင့်
ကလေးနှစ်ယောက်အဖေ ကိုမင်းတာယာကို
လက်ထပ်ခဲ့ရသည်။

ထိုအချိန်ထိ ပတ်၀န်းကျင်ကတိုက်တိုက်တွန်းတွန်း
မှုန်ညက်နေအောင်လှလွန်းသည့် သမုဒယ ဟာ ဆိုးသွမ်းလွန်းသည့်လင်ပါသားနှင့်
ဘီလူးခေါင်းပေါ်လာသည့် လင်ယောကျာ်းဆိုးတဲ့ဒဏ်ကို ခါးဆီးခံလာရသည်။

ဒီသားလေးမွေးဖွားသည့်တိုင် သူမဘ၀ဟာ
မငြိမ်းချမ်းနိုင်သေး

"ဘယ်လင်ငယ်နဲ့ရမှန်းမသိ
ငါနဲ့တစက္မှ မတူတဲ့ ကလေကချေ ကိုမွေးထဲက ဒီရက်ကွက်ထဲ ငါ့မျက်နှာ ဘယ်လိုပြရမလည်းမသိ"

‌ဒီလိုတွေကြွေးကြော်ခဲ့ပြီး သူမတို့ကို နိုပ်စက်ခဲ့တာပိုပြီးဆိုးလာသည်။
လှပသော ရုပ်ရည်ဟာလည်း လင်‌ပူမိတာကြောင့် မလှပနိုင်တော့
အသက်ထက်ပိုပြီး အိုစာကာပိန်ပိန်ချိချိနှင့် လင်ဆိုးသမျှ ကလေးဆိုးသမျှ ခံရရှာသည်။

"တောင်းပန်ပါတယ် နောက်ကို အကို့ပြောစကား‌နားထောင်ပါ့မယ်"

"အေး နင့်မှာဘာအားကိုးရှိလို့ အိမ်ပေါ်ကဆင်းလည်းမသိပေမယ့် နင့်လိုမိန်းမကိုအလကားရတောင် ဘယ်သူမှ မ-ုပ်ဘူး"

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းTempat cerita menjadi hidup. Temukan sekarang