part-29

2.3K 92 1
                                    

"မစားရတဲ့အမဲသဲနဲ့ပတ်တဲ့"

"ဘာ!!!"

"မင်းကဘယ်သူလဲ!!"

နီညိုရာင် ကရင့်လွန်းပြီး အနက်ဘက်ကိုလုနေသာည့်ရှပ်ကို အပေါ်က အကွက်ပါသော ဂျာကင်နှင့်တွဲဖက်၀တ်ထားသည်။
အနက်ရောင်စတိုင်ပန်၀တ်ထားသည့် ထိုလူဟာရှည်လျားသောအရပ်နှင့် လိုက်ဖက်ညီနေ၏။
မျက်နှာကတော့ မင်းသားတစ်ယောက်လို မှုန်ညက်နေအောင်ချောကာ အသားတို့က စွတ်စွတ်ဖြူသည်။
နားကပ်တစ်ဖက်က တွဲလောင်းကျနေပေမယ့် ဂျလေဘီရုပ်မပေါက်ပဲ သန့်ရှင်းသပ်ရပ်နေတာမို့ အဆင့်တန်းအ‌ နေထားကပေါ့သေးသေးတော့မဟုတ်
တရွေ့ရွေ့လျောက်လာတဲ့ ခေါင်ရိပ်ကို မေးငေါ့မေးတော့

"ဘယ်သူဘယ်ဝါဆိုတာထက် ခများ ထိနေတဲ့လူက ခေါင်းဆောင်ရဲ့အပိုင်"

"နာမည်အမျိုးမျိုးနဲ့လူကို မင်းတို့ ထိုင်ရှိခိုးနေပါစေ ငါကတော့...'

"မမလေး!!'

ခေါင်ရိပ်ကရာထူးစံ‌ေပြာတာနားမ ထောင်ပဲ
မယ့်ကို အတင်းဆွဲခေါ်တော့
ရာထူးစံက ‌လက်‌တစ်ဖက်ကိုဆွဲဖို့လုပ်သည်။

"မထိနဲ့"

ခေါင်ရိပ်ကခြေတံလက်တံရှည်တာမို့ မယ့်ကို နောက်ပို့လိုက်ရင်း လှမ်းလာတဲ့ လက်တွေကို ရိုက်ချသည်။

"လူပါး၀လို့!!"

"ဖြောင်း!!"

ရာထူးစံက လက်ပြန်ထိုးချတာကို ရှောင်ကာလွှဲဖယ်ရိုက်လိုက်ရင်း

"သွေးရူးသွေးတန်းဖြစ်နေတာ ခများမရှက်ဘူးလား"

"ဟေ့ကောင် မင်းတို့ဆရာတင်ထားတဲ့ ကောင်ကိုအရင်ပြန်ကြည့်လိုက် အောက်တန်းစားအရိုင်းစိုင်းစိတ်ဓာတ်နဲ့ မိန်းမတစ်ယောက်ကို အလိမ်ညာနဲ့ယူထားတာ"

"အောက်တန်းစားအရိုင်းစိုင်းဖြစ်နေရင်တောင် ပုလင်ပေါ်ထိုင်နေရင်ဘုရားထူးရမှာပဲ
လူဆိုတာ သူ့ဘုန်းကံနဲ့သူ
ခများနဲ့မထိုက်တာကို ခများ မသိတာလား
အတာလား
ဒီမိန်းကလေးကို နှစ်တွေအများကြီး အနားမှာထားပြီ သိမ်းပိုက်ရမှန်း မသိ၊
ခုကျတော့မှ ရွဲကုန်သည်လို အရူးတစ်ပိုင်းဖြစ်နေပါလား"

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းTempat cerita menjadi hidup. Temukan sekarang