part-12

1.6K 132 8
                                    

၀ါကျင့်ကျင်မီးရောင်အောက်္မှာ
သွေးအလိမ်းလိမ်းနဲ့ ထိုလူက လက်ပြန်ကြိုးတုပ်လျက်သား ခုံထက် ညည်းညူစွာရှိနေသည်။

အနွေးထည်ပွပွကိုစားပဲွပေါ်ပစ်တင်ရင်း အကဲက
ကွမ်းယာကို ပါးစောင်ထဲထိုးသိပ်ထည်လိုက်သည်။ ကွမ်း စိမ်ပြေနပြေ၀ါးပြီး ထိုလူကိုအေးဆေးစွာကြည့်ကာ

"ငွေရတိုင်း မင်း မဆင်မခြင်လုပ်စရာလား"

"ခိုင်း ...ခိုင်းလို့ လုပ်ရတာပါ"

"ရာဇဘွား"!!!"

"ဟုတ်ဆရာ"

"သူ့ခိုင်းတဲ့လူက ဘယ်လိုလူလဲဆိုတာငါသိချင်သွားပြီ"

"စုံစမ်းနေပါတယ် ဒီလူကတော်တော်လေးနှုတ်လုံနေလို့ ကြိုးစားစစ်ဆေးနေတာပါ"

အကဲက နဖူးကြောတွေ တွန့်ချိုးနားထောင်ရင်း

"ရလဒ်ပဲစိတ်၀င်စားတယ် ရာဇဘွား သူ့ဖုန်းထဲက data တွေပြန်စစ်!!"

"ဟုတ်ဆရာ"

ရာဇဘွားကြေမွနေသောဖုန်းကိုcomputerနဲ့ချိတ်ဆက်ရင်းပြန်လည် စစ်ဆေးနေတုန်း
အကဲကထိုလူ့အနားတိုးထိုင်လိုက်ကာ

"လောကမှ မထိသင့်တဲ့အရာ ရန်မစသင့်တဲ့အရာဆိုတာရှိတယ်"

"တောင်း တောင်းပန်ပါတယ်"

ရာဇဘွား မျက်ခုံးနှစ်ဖက်္ မြင့်တက်သွားသည်။
သူတို့ရိုက်စစ်တုနး်က မျက်နှာ မပျက်ပေခံတဲ့ကောင်က
အကဲရဲ့ သွေးအေးတဲ့အကြည့်တစ်ချက်
အပြောတစ်ခွန်းအောက် မှာ
အလူးအလဲကြောက်ရွံ့နေသည်။

"လှပပြီးတန်ဖိုးရှိတဲ့အရာလေးကို ပထမ မင်းသွားထိတယ်
နောက်တစ်ချက်က ငါ့ကိုတိုက်ရိုက်စိန်ခေါ်ရန်စလိုက်တာပဲ"

"​မ မသိလို့ပါ ကျွန်တော် ခိုင်း ခိုင်းလုပ်ရတာ"

"မင်းရဲ့ထိတ်လန့်မှုက
သူရဲ့ကြောက်ရွံ့မှုထက်စာရင် ဘာမှ မဟုတ်သေးဘူး
မတန်ဘူး ​ေ-ွးကောင်ရ"

"အား!!!!"

ထိုလူ့လက်ချောင်းကို တတိတိချိုးရင်း အံကြိတ်ကာခပ်တိုးတိုးdeep voice ကိုသာသုံးပြီးအကဲက ညှင်းဆဲသည်။

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now