"Hay Rose!!"
"ဟင် ဘ၀!!"
"အင်း ကိုယ့်ကို အိမ်ထဲ၀င်ဖို့မခေါ်တော့ဘူးလား"
"အွန်း လာလေ အရင်ကလည်းလာနေတဲ့ဟာ"
"ခွင့်ပြုချက်တောင်းကြည့်တာ "
"ထူးထူးဆန်းဆန်း"
ရိုင်းက ဂါ၀န်တိုအဖြူရောင်လေး၀တ်ထားပြီး ဆံပငိကို ပိုနီတေးထုံးထားသည့် မယ့့်ကို အမြတ်တနိုးကြည့်ရင်း
မျက်၀န်းအောက်က မှဲ့နက်နေရာလေးကို လှစ်ကနဲငုံ့နမ်းသည်။"အို !!"
"ရှင်နော်!!"
ပြုံးစိစိနဲ့နမ်းချင်တာနမ်းရလို့ကျေနပ်နေသော ရိုင်းကို မယ် မျက်စောင်းထိုးမိသည်။
အညိုရောင်ဘက်လုနေသည့်ရှပ်ကို ကာကီရောင်ဘောင်းဘီစတိုင်ပန်နဲ့တွဲ၀တ်ထားသောရိုင်းက ရှင်းသန့်ချောမွေ့နေသည်။ညိုမြသောအသားရည်ကစိုပြေကာ
မျက်တောင်ရှည်တို့အောက်ကမျက်၀န်းညိုတွေသည်
မျက်နှာချက်ချင်းမလွှဲမိစေဘဲ ညှို့ငင်လွန်းလှ၏။
နှုတ်ခမ်းသားတင်းတင်းစေ့မထားပေမယ့် အမြဲတမ်းရွှန်းလဲ့သော အကြည့်တွေပဲ ပေးပို့တတ်တာမျိုးအကြည့်တစ်ချက်္မှာ ရင်ထဲ လှိုက်ဖိုသွားသလိုဖြစ်ရတာကြောင့် မယ်ရှက်ရှက်နဲ့မျက်နှာလွှဲလိုက်သည်။
"ဘာဖြစ်တာလဲ Rose ဆက်ကြည့်လို့ရပါတယ်"
"ရှင်နော်!!!"
"အဟွန်း"
"အခုလာတာ ဘာကိစလဲ မေမေကသိပ်ကြည်တာမဟုတ်ဘူးနော် မြန်မြန်ပြော"
"အ၀တ်စားလဲ ကစားကွင်းလိုက်ပို့မယ်"
"ဟင်တကယ်!!"
"တကယ်ပေါ့"
မယ်က ၀မ်းသာအားရလေးမေးပြီးမှ
ရိုင်းကို မျက်စောင်းငွေ့ငွေ့ထိုးရင်း"တော်ပါ မလိုက်တော့ဘူး ပြီးရင် ရှင်သွားချင်တဲ့နေရာကိုပဲစုံခေါ်တာ"
"ဘယ်တုန်းကလည်း Rose ရဲ့
လိုက်ပါကွာနော်""မလိုက်ဘူး နဲနဲလေးမှ မလိုက်ဘူး"
"နေပါဦး"
မယ်ကလှည့်ထွက်ဖို့အလုပ် ရိုင်းကမယ့်ဂါ၀န်အစလေးဖမ်းဆွဲထားရင်း
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...