part-4

2.2K 149 16
                                    


"မင်းလွှတ်လိုက်"

အဖော်ပါလာသည့် လူက သူ့လက်ထဲကနေ သူမကိုအတင်းပွေ့ယူဖို့ကြိုးစားသည်။
အပေါ်စီးကဆက်ဆံရင် တန်ပြန်ဆက်ဆံတတ်သည့် သူ့အကျင့်တိုင်းထိုအမျိုးသမီးကို တင်းကနဲပြန်ဖက်ထားကာ

"မလွှတ်ဘူး ဆိုရင်ကော"

"မင်း လိုချင်တဲ့ စာချုပ် ဒီမှာ ပြသနာတွေ မဆက်ချင်ရင် လိုချင်တာယူလိုက်"

"အဟွန်း ပေါပေါပဲပဲရတာဆို ကျုပ်က
မလိုချင်တော့ပြန်ဘူး"

"ဘာကွ"

ထိုစဥ္ အတာက အကဲရဲ့ ပေါင်ကို ပြေးကိုက်သည်။

"အ!!!'

"ဟိတ်ကောင်"

အတာ့ရဲ့ကိုယ်ကို ဆဲွမြှောက်တော့ ရာထူးစံက အထာ့ကိုနောက်သို့ပို့ရင်း ပြေးဆဲွသည်။
အရုပ်လေးတစ်ရုပ်လို အတာ့အား ဖဲွအိတ်
တွေပေါ်ပစ်တင်လိုက်တော့
ရာထူးစံ​ ၀င်လုံးတော့သည်။

"ခွေးမသား!!!!"

အကဲကမယ့်ကို ဘေးဘက်သို့ လှည့်ကာ ပြန်ဖက် ရင်း
၀င်ရောက်လာသည့် လက်သီးကို ရှောင်တိမ်းလိုက်သည်။

"ရာဇဘွား!!!"

အမိန့်ပေးတာနှင့် ရာဇဘွားက  အပြေးလာကာထိုးကြိတ်သည်။
ကိုယ်ထည်ကြီးမားသည့်အပြင် အရင်ကပါရှည်လေတော့ ရာထူးစံ မစားသာ

"ဘ၀!!!!"

ရင်ခွင်ထဲက အမျိုးသမီးဟာ အနည်းငယ်လူးလွန့်လာပြီး ပြည့်သိပ်သော မျက်ရည်တွေနှင့် ကြည့်လာသည်။ထို့နောက် သူ့ပါးပြင်ကို ခပ်ဖွဖွ တို့ထိရင်း

"ဘယ်တွေရောက်နေခဲ့တာလဲ"

"ငါမင်းပြောတဲ့ ဘ၀ မဟုတ်ဘူး"

မယုံနိုင်သလိုအကြည့်တွေနှင့်သူမဟာလက် မလျော့

"အသက်ရှငိနေသေးတာပဲ ကောင်းကောင်း ရှင်သန်နေခ​ဲ့တာပဲ"

"ကျွတ် ဘယ်လို မိန်းမလဲ မင်း!!!!"

သူမလက်ကို ခပ်ကြမ်းကြမ်းဖယ်ချတော့ ကိုယ်လေးယိုင်ကာ လဲကျမလိုဖြစ်သွားသည်။သို့ပေမယ့် ခါးထက်  သူ့လက်တို့က
သန်မာစွာ ရစ်သိုင်းလာသည်။
ထို့နောက် ပြန်လွှတ်ပေးရင်း

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းDonde viven las historias. Descúbrelo ahora