part -25

3.6K 171 5
                                    

"Rose ကြောက်နေတာပဲ"

သူမ ဘာမှ မဖြေပဲ မျက်နှာကိုငုံ့ချတော့ ရိုင်းက သူမမျက်၀န်းတေ‌ွထိ အမိအရ လိုက်ကြည့်ရင်း

"ကြည့်ပါဦး မျက်နှာလေးရဲနေတာပဲကွာ!!"

"ပြန်ပါတော့"

တိုးတိတ်သော အသံလေးပေမယ့် ရိုင်းက ကြားဖြစ်အောင်ကြားကာ

"ကိုယ်တစ်ညလုံး ဒီမှာရှိနေမှာ!!"

"ဘာ ဘာပြောတယ်"

"ရှင်းရှင်းပြောရရင် သူတို့အိပ်ဆေးပြယ်တဲ့အထိ ပေါ့!"

"ငါ့ကို ...ငါ့ဘ၀ကို နင်မဖျက်ဆီးပါနဲ့ နော ်ငါတောင်းပန်တယ်"

"ငိုအောင်နမ်းမိတာကလွဲလို့ Rose
မကြည်ဖြူတဲ့ ကိစကို မကျူးကျော်ပါဘူး
အဲ့အတွက် Rose ကကျေးဇူးတောင်တင်ရဦးမှာ"

"ကျေးဇူးမတင်နိုင်ဘူး အခုငါ့ကိုလွှတ်"

"လူတွေကအချစ်ကိုလိုအပ်တယ်တဲ့ ကိုယ် Rose ကို အချစ်တွေပဲပေးနေခဲ့တာပါ ဘယ်သူမှ မရနိုင်တဲ့ ကြင်နာမှုမျိုး ချစ်မြတ်နိုးမှုမျိုး
ကိုယ်ပေးနိုင်တယ်"

ရိုင်းကပြောနေရင်း ငြိမ်ငြိမ်လေးရှိနေတဲ့ မယ့် နားသယ်စပ်လေးကိုခပ်ဖွဖွနမ်းကာ

"ယုံတယ်မလား..."

တိုးသဲ့သောအသံပေမယ့် သူမလက်ဖျားတို့အေးစက်သွားသည်။
နွေးကနဲဖြစ်သွားသည့်နားထင်စပ်ကထိုနေရာမှာတင်မရပ်တန့်ဘဲ လည်တိုင်နားဆီ ဖိကပ်နမ်းရှိုက်လာသည်။
ကိုယ်လေးကျုံ့မိတော့ သူ့လက်တွေက သူမကျောပြင်လေးဆီ အမိအရ ဖက်တွယ်သည်။
အသက်ရှုသံပြင်းပြင်းတို့ ပိုပြီး ကျယ်လောင်လာလေ သူမ မျက်၀န်းတွေကို ဖွင့်ကြည့်ဖို့မကြိုးစားမိလေပင်။

မျက်လွှာတွေဖိသိပ်မှိတ်ထားတဲ့ Rose ပါးရဲရဲလေးကို သူမြတ်နိုးမ၀စွာနမ်းရှိုက္မိသည်။
စောင့်ထိန်းသင့်သည်ထင်သော ကိစရပ်ကို သူ့ဘက်ကရပ်တန့်လိုက်ရင်း တဘက်လေးမလုံ့တလုံနဲ့ရှိနေသော သူမအား သူ့အပေါ်ထပ်အကျီလေးခြုံပေးလိုက်သည်။

"အိပ်တော့!!"

"ရှင်ပြန်မှအိပ်မယ်"

ရိုင်းကခပ်တိုးတိုးရယ်ရင်း အိပ်ယာပေါ်သို့တက်ကာ အကျီပုံထဲ နစ်၀င်မတတ်ဖြစ်နေသော မယ့်ကိုပါ လဲချလိုက်သည်။

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now