"တော်တော်လှတာပဲ"
"မငေးနဲ့ဥိီး မမလေး လာဒီဘက်"
"အွန်း"
အခန်းတွေက တော်တော်များသည်။
ခြေလှမ်းမမှားအောင်သေချာဂရုစိုက်ရင်း
VIP room ထဲ၀င်လိုက်သည်။"မမလေး dance floor ကို ဒီကနေ မြင်
အောင် ဆောက်ထားတာတွေ့လား
ခေါင်းဆောင် အတိတ်မေ့နေပေမယ့် idea နဲ့ skillကအခုထိ သူ့အာဘော်အတိုင်းသွားနေတုန်း"ခေါင်ရိပ်ကတည်ဆောက် ပုံ အပြင်ဆင်ကို
ကြညိ့ပြီး အက်ကဲွစွာပြောဆိုသည်။နှစ်ယောက်သား ရုပ်ဖျက်လာမယ်
ပြောပေမယ့် တကယ့်တကယ်တန်းကျ
ဘာမှတောင် မလုပ်လာနိုင်
သူမအိမ်ထဲကနေ အမြန်ထွက်လာရရေးကြိုးပမ်းနေတာနဲ့တင် ၃နာရီလောက်အချိန်ကုန်သွားသည်။အေးစက်သောအခန်းငယ်မို့ သူမပခုံးသားတွေ ချမ်းစိမ့်လာသည်။
ခေါင်ရိပ်က သူ့အပေါ်ထပ် အကျီအား သူမထံ ခြုံလွှမ်းပေးကာ dance floorထက် ကနေသော လူအချို့ကိုငေးနေသည်။
တနေရာအရောက် ခေါင်ရိပ် မျက်၀န်းတွေစူးရဲကျဥ္းမြောင်သွားသည်။"အဲ့မိန်းမကို ကျွန်တော်မြင်ဖူးတယ်"
"ဘယ်သူလဲ "
"ဟိုနားမှာ ဘားရဲ့ ဘေးမှာ"
သူမကြည့်လိုက်တော့ ထိုမိန်းမပျိုက တစ်ဖက်လှည့်သွားသည်။
လှပသော bodyက တကယ့်ကို ဆဲွဆောင်မှုအပြည့်"နိုင်ငံခြားသူကြီးလား??"
"မဟုတ်ဘူး မြန်မာပဲ ဒါပေမယ့် အဲ့လိုထင်ရအောင် ပြင်ထားတာ"
"ထားလိုက်ပါ ဘ၀ ကိုရော တွေ့မိသေးလား"
"မတွေ့သေးဘူး မမလေး "
"ဟူး အချိန်ကရတာမဟုတ်ဘူး သူ့ကို တနေရာခေါ်ပြီး စကားအေးဆေးပြောမှ ဖြစ်မှာ"
"သူသာ ရှိရင်ကျွန်တော်တို့ကို ဒီအထိပေး၀င်မှာတောင် မဟုတ်ဘူး တွေ့တွေ့ချင်း
အဆင်မပြေခဲ့ကြတော့""ဟား!!!'
မယ်က လေပူ တစ်ချက် မှုတ်ထုတ်ရင်း ဆိုဖာခုံမှာ စိမ်ပြေနပြေ ထိုင်ချသည်။
စားပဲွခုံထက် စားစရာမျိုးစုံသာပုံထပ်လာသည်။
ဘ၀့ အရိပ်ယောင် အခုထိမတွေ့ရသေး
သေချာပေါက် စကားပြောရမှ ဖြစ်မည်။
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...