"ချွတ်စွတ်တူတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရတိုင်း ခံစားချက်ကအသစ်ပြန်ဖြစ်တယ်"
"သေသွားပြီဆိုတဲ့အသိကို ခနခနပြန်
လက်ခံနေရသလို တခြားလူဆိုတဲ့အသိကဟိုးအေ၀းကြီးကိုဆဲွခေါ်သွားသလိုပဲ"မယ်ကပြောရင်းနဲ့မျက်ရည်တို့ပြန်ေ၀့သီလာသည်။
"ဒဏ်ရာတွေကနက်ရှိုင်းခဲ့တယ် အကဲ
တစ်ပါးသောယောကျာ်းတွေချည်းကပ်
လာတိုင်း ရလာတဲ့သိမ်ငယ်မှုကဘာနဲ့မှမလဲနိုင်ဘူး
ဆုံးရှုံးပြီးသားလူတစ်ယောက်ကို တမ်းတမိနေပေမယ့် အကဲကိုပြန်တွေ့လာရတဲ့အခါ ဆုံးရှုံးရတဲ့ခံစားချက်ကအသစ်သစ်တွေလိုဖြစ်လာတယ်
ပထမတော့ ဘ၀ဆိုပြီး အတင်းဖက်တွယ်မိပေမယ့် မဟုတ်ဘူးလဲ ပြန်သိရော မယ် အရုပ်ကြိုးပျက်ပဲသိလား
ပြီးတော့ ဘ၀နဲ့ အကဲကတစ်ယောက်တည်းဆိုတာပြန်သိရတဲ့အချိန်မှာလေ
မယ်ဘာမှမစဥ္းစားနိုင်တော့ဘူး
အိမ်မက္လား ငါထင်ယောင်ထင်မှားဖြစ်နေတာလားဆိုတာ""နှင်းဆီရယ်!!!"
အကဲက မယ့်လက်ကလေးကို ထွေးပွေ့ရင်းပါးနဲ့အပ်ထားကာ နင့်သိပ်စွာရေရွတ်သည်။
"လူတစ်ယောက်အပေါ်မှ အသည်းသန်စဲွလမ်းခဲ့တာ ဘ၀ရိုင်းဆိုတဲ့လူအပေါ်ပဲ
ရှင်သန်ရတာပင်ပန်းလာတိုင်း အတာနဲ့အထာတို့မျက်နှာကိုမြင်ယောင်တယ်
ငါ ဘ၀ကို ဆုံးရှုံးပြီးပြီး သူတို့ကိုတော့ မိခင်ပါမဲ့အောင်မလုပ်ချင်ဘူးဆိုပြီး အားတင်းခဲ့ရတာ""မောနေပြီမလား"
"ရတယ် ဒီစကားတွေ ကိုပြောပြချင်ခဲ့တာ
ဒါပေမယ့်တကယ်လည်း ဘ၀လို့သိရတဲ့နေ့ဖြစ်နေခဲ့တော့ အများကြီးမပြောနိုင်ခဲ့ဘူး""အများကြီးနားထောင်ပေးနိုင်ပါတယ်
ဒါပေမယ့် မင်းမျက်ရည်တွေမြင်ကြောင့်
ကိုယ့်ရင်တွေကဲွတော့မယ်
ဘာလို့စိတ်ကိုလျော့လိုက်ရတာလဲ နှင်းဆီရယ်"အိပ်ယာထက်သူမ လဲနေတာတောင် ဆံနွယ်တို့က ေ၀့၀ဲဖြာ ကျနေသည်။
မျက်ရည်တို့ကထောင့်တစ်ဖက်ကနေကျဆင်းနေပေမယ့် သူမနှုတ်ခမ်းတို့ကပြုံးရိပ်ဆင်နေသည်။"အားကိုးတွေ့မှ ငိုတိုင်တဲ့ကလေးတစ်ယောက်လို ဖြစ်နေတယ်မလား မယ်က
အဟင်း ဒါပေမယ့် အကဲရယ် မယ်ငိုချလိုက်ရ
ပြောထွက်ရမှ ရင်ထဲပေါ့မယ်ထင်တယ်"
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...