"တစ်ခုမကျန် သိချင်တယ် သူ့အကြောင်း!!"
ဖုန်းကို လက်ကချတဲ့ဆီမရောက်ဘဲ ဆိုဖာခုံပေါ်ဒီတိုင်းပစ်တင်လိုက်သည်။
ပါးသိုင်းတွေ မရိတ်သင်ပဲထားတော့ ရှိရင်းစွဲအသက်ထက် သူ့ပုံစံကပိုပြီး လူကြီးးဆန်နေသည်။
မျက်္မှန်အောက်ကမျက်၀န်းတွေဟာ အရင်လို တက်ကြွလန်းဆန်းခြင်းမရှိနီရောင်သမ်းသောနှုတ်ခမ်းတို့ဟာ ယခုဆို အညိုရောင်ဖြစ်နေလေပြီ
ဆေးလိပ်တို့ကို နေ့မနား ညမနားသောက်သည်။
အခန်းထဲ မှာပဲ နေရင်း စီးပွားရေးကိစကလွဲလို့အပြင်မထွက်
သူအသည်းသန် စုံစမ်းနေတာ ဘ၀ရိုင်း ဆိုသည့် လူရဲ့အကြောင်းအခန်းထဲမှာ ရှုပ်ပွပေရေနေတာတွေ့ရင် မိခင်ဖြစ်သူတော့ ရင်ထုမနာဖြစ်လိမ့်မည်။
သူမထိန်းကျောင်းခဲ့သည့် သူဟာ ဒီလို လူဆိုးဖြစ်နေလိမ့်မယ်ဆိုတာ ယုံမယ်တောင် မထင်"ကိုစံ"
အခန်းတံခါး၀ရှေ့မှာ ထိုက်က ရပ်ကြည့်ရင်းခေါ်တော့ ရာထူးစံ မျက်ခုံးတို့ကအလိုလိုတွန့်ချိုးမိသည်။
"တံခါးမခေါက်တတ်ဘူးလား"
"ဟုတ်တယ် မခေါက်တတ်ဘူး"
ထိုက်က ရာထူးစံပြောတာကို ဂရုမမူသလိုပြောကာ လက်ထဲကပါလာသည့်အထုတ်တွေကို စားပွဲခုံပေါ်တင်ရင်း
"ကိုစံ ကျန်းမာရေးထိမယ်ဆိုတာမသိဘူးလား"
"ငါပွားတာတွေမကြိုက်လို့ တိုက်ခန်းတောင်ပြောင်းနေတာ ထိုက် အေးဆေးနေ"
"ထိုက်ကရော ဘာပြောနေလို့လဲ ကိုစံ ပြိုလဲသွားလို့မရဘူးလေ"
"ငါသိတယ် နငိဘာကိစလဲ လာတာ"
"ဒီမှာ နေ့လည်စာ အရက်တွေဆေးလိပ်တွေအစား အဟာရရှိတာစားရအောင်"
မျက်ရည်တို့ကို ပုတ်ခတ်သိမ်းရင်း ထိုက်က အသံခပ်တိုးတိုးနှင့်ဖြေသည်။
ဒါကိုကြည့်ပြီး သူသနားစိတ်၀င်လို့မရ
သူမရဲ့ မူယာမာယာတွေကြောင့် ဂျစ်တူးနဲ့ဝေးခဲ့ရတာဝေးသွားမှ တန်ဖိုးထားရမယ်မှန်း သိခဲ့ရသည်။
ချစ်တယ်ဆိုတာထက် သံယောဇဉ်တွေ နင့်သိမ့်မှုအောက္မှာ သူကျရှုံးခဲ့ရသည်။
အရူးတစ်ယောက်လို သွက်သွက်ခါတော့မှ
ကြင်နာမယ့်သူဟာ တခြားသူရင်ခွင်ထဲမှာ

YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...