part-32

2.2K 91 3
                                    

ဆေးဝါးအကူညီတွေနှင့် ဖေဖေဟာ အိပ်ရာထက်္မှာ ဖြူဖျော့စွာရှိနေလေသည်။

ဇာတိရွာကို ရိုင်းလာပို့မှ ဖေဖေပါ ဒီကို ရောက်နေမှန်းသိရသည်။

ရင်ဘတ်ထဲနာကျင်မှုက အုံခဲနေပေမယ့် အဖေဖြစ်သူပုံစံကြောင့် အားငယ်စိတ်က အလုံးရင်းနဲ့၀ငိသည်။
ရိုင်းရဲ့စနက်ကြောင့် အဖေနှင့် သူမဟာဝေးကာနေရတာ ဘယ်လောက်ကြာပြီလဲ

"ဒါဆို ကိုကြီးဘ၀က ရန်ကုန်မှာ အခြေချတော့မှာပေါ့နော်"

ငြိမ်းက မျက်ရည်ကြည်တွေရစ်ဝိုင်းရင်း မပွင့်တပွင့်မေးလာသည်။
ရွာပြန်ရောက်ခါစက အကုန်ကူညီလုပ်ကိုင်ပေးကြပေမယ့် ရက်ရှည်ကျတော့ ငြိမ်းပဲ လာရောက်ကူညီပေးရှာသည်။
ဒီမိန်းကလေးကို ကြည့်ပြီး သူမ ဘာဖြေရမယ်မသိ

"အင်းပေါ့"

"မမလည်းတော်တော်ပိန်သွားတာနော် ငြိမ်းဆို ရောက်ခါစက မနည်းကြည့်ယူရတယ်
အမေက ငါးရံ့နဲ့ မုန်လာဥ ချက်တာ ထည့်ပေးထားတယ် ဘဘနိုးလာရင်လည်း
သောက်ဖို့ စွပ်ပြုတ်ပါ ပါတယ်"

ငြိမ်းကသဘောရိုးပြောပေမယ့် သာယာ ရှက်ရွံ့မိသည်။သူမဟာ အခန်းတစ်ခုထဲက အကျဉ်းသားဘ၀လို ဖြစ်ခဲ့ရတာ ဘယ်သူသိခဲ့လို့လဲ
မချစ်သင့်တဲ့လူကို ပါထပ်ချစ်မိရင်း ၀ဋ်ကြွေးတို့ကို ပေးဆပ်နေရတာ အလူးအလဲ
မသေခဲ့တာကိုပဲကျေးဇူးတင်ရမလား ဒါမီမဟုတ် သွက်သွက်ခါ ရူးမသွားတာကိုပဲ ကျေးဇူးတင်ရမလားမသိ

ငြိမ်းပြန်သွားသည့်အထိ သူမကောင်းကောင်းဖြေမိလားဆို‌တာတောင် အတပ်မပြောနိုင်
ဘယ်သူတွေဘာထင်ထင် တာယာနဲ့တွေ့ရမှ
ဒီပြသနာတွေ အဆုံးသတ်လို့ရမည်။
အားမတန်လို့ မာန်လျော့ရပေမယ့် အရှုံးဆိုတာကိုတော့ သာယာဆိုတဲ့ မိန်းမကဘယ်လို မှလက်္မခံနိုင်

.....

"ပြောစမ်းပါဦးငြိမ်း‌ရယ် နင့်ဟာက ဟိုမရောက်ဒီမရောက်နဲ့"

ငြိမ်းက ချဉ်ပေါင်တွေ နီုးဖျားလေးနဲ့ စည်းရင်း ခြင်းထဲ ထည့်ကာ

"အော် မေမေရယ် မမသာယာပုံက နည်းနည်းလေးထူးဆန်းနေသလားလို့"

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now