part-22

3.5K 197 12
                                    

"သမီး ဒီနေ့ကစပြီး အပြင်မထွက်ရတော့ဘူး"

"ဘာလို့လဲမေမေ မယ် သင်တန်းမပြီးသေးဘူးလေ"

"ဟိုကောင်လေးနဲ့ ပြန်တွဲနေတာ မေမေ မသိဘူးထင်နေလား!!'

မေမေ့အသံကဒေါသကြောင့် တုန်ယင်နေသည်။
သူမကိုယ်တိုင် ရိုင်းကို စွန့်ခွာဖို့အကြိမ်ကြိမ်စဉ်းစားပေမယ့် တစ်ခါမှ မအောင်မြင်

"တောင်းပန်ပါတယ် မေမေ မယ်လေ...."

"အကြောင်းပြချက်တွေဆိုတာ လိုချင်တဲ့အခွင့်ရေးအတွက်စကားလှအောင်တန်ဆာဆင်တယ်ပဲ‌ မေမေယူဆတယ်...."

မယ် ဘာမှမပြောတော့ဘူး ခေါငိးငိုက်စိုက်ကျန်ခဲ့ရသည်။ဒီကိစမှာ မေမေမှားတာမဟုတ်ပဲ သူမဖြစ်နေတာကြောင့် ဆက်ပြီး ငြင်းဆန်ဖို့လည်းအားမထုတ်ချင်တော့

တဒီးဒီးမြည်နေတဲ့ ဖုန်းကို တောင် မကိုင်အားပဲ သူမဆိုဖာပေါ်မှာခြေပစ်လက်ပစ်ထိုင်ချမိသည်။မေမေကတော့ ခြံထဲဆင်းသွားလေချေပြီ။

မနက်ခင်းအကျော်ဆို အငယ်လေးရော မမပါ အလုပ်၊ကျောင်း ရောက်နေတတ်တာမို့ မယ်သာလျှင် အိမ်ကိုပိုကပ်ဆုံးလူလို့ရသည်။အငယ်လေးကစာကိုအိမ်မှာလုပ်ပေမယ့် တစ်ခါတစ်လေ ရှိလို့ရှိမှန်းတောင်မသိရ

*ဖုန်းကိုင်ပါ Rose....*

Message ၀င်လာတော့ မယ်နှုတ်ခမ်းအသာလေးကိုက်္မိသည်။
ရိုင်းတစ်ယောက် ဖုန်း‌ေခါ်လို့မရရင် ဘာတွေလှုပ်ရှားလာမလဲ
ဇွတ်တရွတ်တွေတော့ မလုပ်လောက်ဘူးမလား
သူကလိမ်မာပြီး နူးညံ့တဲ့ကောင်လေးလေ

မယ်စိတ်ထဲအသာတွေးရင်း ငြိမ်ငြိမ်လေးစဉ်းစားနေမိသည်။
သူမဟာတကယ်ကို မကောင်းတဲ့ မိန်းမဖြစ်နေခဲ့လေပြီ၊
ကိုယ့်ဇာတ်ကိုယ်မနိုင်ပဲ ကတဲ့ဇာတ်လမ်းဟာအခုတော့ အခြေနေကမဟန်တော့

ဒီကာလတွေမှာရိုင်းမျက်နှာတည့်တည့်ကြည့်ပြီး လမ်းခွဲဖို့နှုတ်ကမထွက်္မိတော့တာ တော်တော်လေးအံ့ဩဖို့ကောင်းနေခဲ့သည်။
ပိုထူးခြားတာက သူ့ရဲ့ ကြင်နာမှုတွေ
အောက်္မှာ ဘာမှမတွေးမိတော့တဲ့ ကလေးတစ်ယောက်လို သူမပြုမူနေခဲ့တာ

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းМесто, где живут истории. Откройте их для себя