"အာ ဘာလို့နမ်းတာလဲ"
မယ်က သူနမ်းနေတာကို ဖြတ်ကနဲ လက်လေးဆွဲယူလိုက်ပြီး တွန့်တိုစွာပြောတော့
"ကျွန်တော်နမ်းတာ ခံစားချက်္မကောင်းမွန်သွားဘူးလား!!'
"မဟုတ်ဘူးလေ ရှင်နဲ့ကဒိတ်ကာစပဲရှိတာ အဲ့လိုနမ်းလို့မရဘူးလေ!!"
"ဟုတ်လား တစ်ဆင့်စီသွားရမှာလား?"
"ဒါပေါ့ အဲ မဟုတ်ပါဘူး ...အခုပြန်ပါတော့ မယ့်အပေါင်းသင်းတွေက ရှင့်ကို အမြင် မကြည်မှာစိုးတယ်"
"ဟုတ်ရဲ့လား Rose !!!?"
ဘ၀က အိမ်ပေါ်အသာမော့ကြည့်ရင်း ခပ်ပြုံးပြုံးပြောတော့ မယ် အိမ်ဘက်ကိုလှည့်ကြည့်လိုက်သည်။
"ဟောတော့!!"
ပန်းချီမိုးက ယခုပဲ miss international သွားပြိုင်မည့်အလား ပေါင်ထိခွဲထားသော dress ကြီးနှင့် လှပစွာ ရှိနေသည်။
ဒါလီကတော့ ဂျင်းဘောင်းဘီဒဲ့ပွနှင့် လည်ဟိုက် ဆွယ်တာအနက်ရောက်၀တ်ဆင်ကာ
နေကာမျက်္မှန်ကြီးလည်းတပ်ထားသေးသည်။"အိမ်ပေါ်ကြွပါရှင့်!!"
ချိုအီသောပန်းချီ့ သံက ပွဲတစ်ခုကြေညာနေသလို ငြိမ့်ညောင်းစွာပေါ်ထွက်လာသည်။
ဟူဒီအပွကြီးနှင့် ဒူးအတိဂျင်းစကဒ်လေး၀တ်ထားသောမယ် မှာ ထိုအခြင်းရာတွေကြည့်ပြီး တော်တော်တရားရသွားသည်။
ဘ၀ကတော့ ခပ်တည်တည်နှင့် သူမ လက်ကို ချိတ်ဆွဲကာ အိမ်ပေါ်တက်ရန်ခေါ်ဆောင်၏။
အိမ်ပေါ်ရောက်တော့မယ်က
"ဘ၀ ရှင် ဒီမှာခနနေနော် မယ် စားဖို့တစ်ခုခု စီစဉ်လိုက်္မယ် ခနပဲ"
"ဟော ထားလိုက်ပါ မယ် ရဲ့ တို့ deli နဲ့ အစားသောက်တွေမှာလိုက်္မယ်"
"ဖြစ်ပါ့မလား"
"Hay Rose!!!"
"ဟင် "
"ကျွန်တော့်အတွက် စားစရာလေးစီစဉ်ပေးပါလား"
"အွန်း ခဏစောင့်"
ပန်းချီပြောတာကို ရိုင်းက ဂရုမစိုက်ပဲ မယ်ပြင်ဆင်ပေးဖို့ကိုသာတောင်းဆိုနေသည်။
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...