part-17

3.7K 159 4
                                    

"သာယာ နင် ့မျက်နှာမကောင်းပါလား ဘာဖြစ်လို့လဲ"

မနက်ဈေးသွားမယ် ဆိုပြီး ထွက်သွားလိုက်တာ အတော်နေမြင့်မှ မျက်နှာမကောင်းစွာ သာယာ ရောက်ချလာသည်။

"ဟဲ့ ငါမေးနေတယ်လေ"

သူမေးတာကို မဖြေသေးပဲ သာယာက မျက်ရည်တွေ တပေါက်ပေါက် ကျဆင်းသည်၊ပြီးတဲ့နောက်

"ဖေဖေ...'

"အေး ဘာဖြစ်လို့လဲ"

"ဆေးရုံမှာတဲ့!!!"

"ဘာ !!!"

"အာ့တာကို ခုမှပြောရလား သွားမယ်လေ ဘယ်ဆေးရုံလဲ!!"

တာယာက စိုးရိမ်တကြီး ပြောတော့ သာယာ မထနိုင်ပဲ
အကြီးကျယ်ငိုသည်။

"သာယာ ငါစိတ်မရှည်ဘူးနော် နင်အခုထ"

"ဖေဖေ ...ဖေဖေက အခြေနေမကောင်းဘူးတဲ့"

တာယာ အံတင်းကနဲ ကြိတ်လိုက်ရင်း

"ဒါဟိုကောင့်လက်ချက်ပဲ ဖြစ်ရမယ်"

"မသိတော့ဘူး တာယာ ငါတို့ ဘယ်လိုလုပ်ကြမလဲ"

"လောလောဆယ် ဆေးရုံသွားရမှာပဲ အဲ့သတင်းဘယ်ကရလဲ??"

"ဦးသီဟ ဖုန်းလှမ်းဆက်တာ "

"ဟ သူနဲ့ဖေဖေ အတူလိုက်သွားတာမလား?"

"ဟုတ်တယ် သူလည်း အပြင်းထန်ပဲ စကားတောင် တော်ရုံ မပြောနိုင်ဘူး အဟင့်!!"

"ကဲသွားကြတာပေါ့"

သူတို့ရွာမှာတိုက်နယ် ဆေးရုံရှိပေမယ့်
ပြသနာကရန်ကုန်မှာ ဖြစ်ခဲ့ဟန်တူသည်။
ရန်ကုန် ဆေးရုံကြီးမှာပဲ ရှိနေခဲ့ကြသည်။

သူတို့ရန်ကုန်ရောက်တော့ ပုဂလိက ဆေးခန်းပြောင်းရွှေ့သွားပြီ ပြောတာကြောင့် လိပ်စာမေးကာ ထပ်လိုက်ရပြန်သည်။

ပါလာသည့်သိန်းသုံးဆယ် မပြည့်တပြည့်က အိတ်ထဲမှာ မျက်နှာငယ်စွာရယ်

မြင့်မားသော အဆောက်အဦးရှေ့မှ သူတို့ရပ်မိတော့ အနည်းငယ် စိတ်သက်သာရာရသွားသည် ၊ ဒီဆေးရုံမျိုးမှာဆိုရင် သေချာပေါက် ကုပေးမှာပင်

ဖေဖေ ကျိန်းသေ အသက်ရှင်ရဦးမှာမို့ အားတင်းထားပါဦး....

.....

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now