part -33

2.1K 72 3
                                    

"ရွာမှာ နေရတာ အဆင်ပြေရဲ့လား"

"ပြေတယ် မပြေဘူးဆိုတာထက် ရှင့်ကိစတွေအမြန်ပြီးအောင်လုပ်ပါ ကျွန်မ ရန်ကုန်ကို ပြန်ချင်ပြီ"

သူမရောက်ထဲက အိမ်ပေါ်အိမ်အောက်တောင် မဆင်းခဲ့
ခရီးပန်းတာရော လူက မူးချင်မိုက်ချင်နဲ့မို့ ပိုဆိုးသည်။
ရိုင်း မုန်းနေခဲ့ရသည့်ရွာလို့ ပြောထားလို့လားမသိ ပိုပြီး သူမအတွက် ညည်းညူဖွယ်ကောင်းနေသည်။

သူမကုတင်ထက် ထိုင်နေတုန်း ရိုင်းက ဖုန်းပြောဖို့ထသွားပုံရသည်။
ခပ်ဟဟ တံခါးကနေ ကြည့်ရသောက် အပြင်ရောက်္မှ ရိုင်း ဖုန်းကို ကိုင်သွားဟန်

ခနကြာတော့ အိမ်ကို ဆီပေပါလိုက် ရောက်လာသည်။စားသောက်ပစည်းတွေပါ အစုံလင် မို့ အလှူတွက် ဖြစ်မည် ဟု တွေးကာ ခေါင်းထဲနောက်နေတာနှင့် အိပ်ပျော်သွားသည်။

ညနေစောင်းခါနီးမှ သူမနိုးတော့ ခေါင်းတွေကအုံခဲကာ ကိုက်တတ်လာသည်။
ရေလည်းဆာလာတာကြောင့် ဘေးဘီဝဲယာ ကြည့်တော့ ရေက မတွေ့
ဲဒါကြောင့်သူမ ရေဘူးလေးကိုင်ကာ အပြင်ဘက်ထွက်လာလိုက်သည်။
တစ်အိမ်လုံး ခြံရှေ့ကအစောင့်တွေကလွဲရင် လူသူလေးပါးမရှိ

ရွာထိပ်က ‌sound box စမ်းသံက ကျယ်လောင်လှတာမို့ လူတွေအကုန် အဲ့ရောက်နေပြီမှန်းခန့်မှန်းမိသည်။
ပွဲကမနက်ဖြန်မှစမှာပေမယ့် ဇာတ်စင်ထိုးဘာညာနဲ့ ရွာထိပ်ကွင်းပြင်မှာ လူက စည်ကားနေသည်။

ဈေးသည်အချို့လည်း ရောက်လာသည့်အပြင် ရဟတ် ၊နှင့် ကစားစရာအရုပ်ဆိုင်တို့အသီးသီးနေရာယူနေကြလေပြီ
ကလေးတွေ လူရွယ်တွေက တော့ပျော်ရွှင်မြူးစွာ လိုက်လံကြည့်ရှုကြသည်။
ဘောလုံးပွဲနိုင်သော ကာလသားတွေက ပွဲစီစဉ်သူတွေနဲ့ ဟေးလားဝါးလားဖြင့် စည်ကားနေ၏။

"နင် ဒီရောက်နေတာ တောင် အပြင်မထွက်ဘူးနော်"

"ဟင်!!"

သူမ ‌အိမ်နောက်က တမာပင် ဝိုင်းဆီ ရေလေးသောက်ရင်း လမ်းဆင်းလျောက်တုန်းသာယာကဘွားကနဲပေါ်လာကာ မေး၏။

"အဟွတ် အဟွတ်"

"ငါ့ကိုတွေ့တာများ သရဲထင်နေလား နှင်းဆီမယ် !!!"

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now