part-20

4K 189 13
                                    


"သာယာ!!! "

"သာယာ!!!!'

သီဟ တို့ခြံရှေ့မှာ  ဖုန်းဆက် ခေါ်တာ မရတော့
အိမ်ပေါက်၀ထိ တကြော်ကြော်ခေါ်ရင်း တာယာတက်လာလိုက်သည်။

သာယာကို ဒီပြသနာတွေထဲ မပါ၀င်စေချင်
သူမ ကမ ိန်းကလေး

"ဦးသီဟ ခများတံခါးဖွင့်စမ်း!!

တံခါးကို တဒုန်းဒုန်းထုတော့ သီဟ က ပေးဖွင့်သည်။
သူကိုယ်တိုင်လည်း ဝှီးချဲပေါ်က မထနိုင်သေး

"မင်းရောက်လာပြီပေါ့"

"သာယာရော???"

"မပြောပြနိုင်ဘူး  မင်း ငါ့ကို လုပ်တဲ့ ကိစ အရင်ရှင်း!!"

"ဘာ!!"

"မင်း မီးလောင်တိုက်သွင်းလို့ ဘာတွေဖြစ်ကုန်လဲ‌ဆိုတာ!!"

"မဟုတ်ဘူး ခများတို့ရှိမှန်း ကျုပ်တကယ်မသိဘူး အခု သာယာ ဘယ်မှာလဲ!!!?"

သီဟ က ဘေးမှာရှိနေတဲ့လူကို မျက်ရိပ်ပြလိုက်တော့ ထိုလူစုက  တာယာ နားကပ်လာသည်။
စိတ်လိုက်္မာန်ပါလုပ်မိတိုင်း နောင်တ တရား က ကပ်ပါလာသည်။

"ခ များတို့ဘာဖြစ်ချင်တာလညး် ပြော
အ‌ေပးယူကိုပြော!!"

"ငါမီးလောင်သွားရလို့ ပျက်စီးနစ်နာရတာတွေအများကြီး အဲ့အတွက် တန်ကြေးငါပြန်လိုချင်တယ်"

"ဘယ်လောက်လဲ!!!'

"သိန်းနှစ်ရာ!!!"

"ဘာဗျ!!!'

"လုပ်ငန်းတစ်ခု စဖို့ ငါ့မှာ အဲ့ထက္မက ရဖို့ရှိတယ် ဒါပေမယ့် မင်းလုပ်ရပ်ကြောင့် နစ်နာ‌တာတွေပြောတာ
မင်းသိပါတယ် သာယာ ကအဲ့လောက္မတန်ဘူးဆိုတာ အဲ့တော့ ငွေမြန်မြန်ယူလာ
မင်းအစ်မ မသေစေချင်ရင်!!!"

"ခများဗျာ ဖေဖေနဲ့ နှစ်ကိုယ့်တစ်စိတ်ရှိခဲ့ကြပြီးတော့!!!'

"အေး မင်းအဖေနဲ့ လူပေါင်းမှားတာ ပိုနစ်နာရတယ် ဒီပြသနာတွေကြားထဲ ငါက ပိုနစ်နာရတာ
မင်း ငါတောင်းဆိုတာ မရမချင်း မင်းအမ ကို တွေ့ရမယ် မထင်နဲ့ လစ်တော့!!"

ပတ်တီးအဖွေးသား ဝှီးချဲပေါ်ကလူဖြစ်နေပေမယ့် ထွက်လာသမျှ စကားတို့က အားနည်းပျော့ပြောင်းနေတာမျိုးမရှိ

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now