part-5

2.8K 144 16
                                    

လဲပြိုနေရာကနေ သွေးစက်လက်နှင့် ရုန်းကန်ထလာသည်။
အံကိုတင်းတင်းကြိတ်ရင် အရင်ဆုံးသတိရမိတာက မမလေး

"အောင်မာ ပြူးပြဲရှာမနေနဲ့ မင်းအဖော်ကို
ငါ့ဆရာက မိထားပြီ"

ရင်ကော့ပြီး စောင့်ကြွားကြွား ပြောနေသော လူကို ကြည့်ပြီး ခေါင်ရိပ် သွေးကြောတွေ ဆူပွက်လာရသည်။
ရာရာစစ ခေါင်းဆောင်ကို များ သူ့ဆရာတဲ့
အတည်မပြုရသေးတာတောင် သူတပ်အပ်ယုံကြည်နေခြင်းသည် အဘယ်ကဲ့သို့ အာရုံခံစားမှုလည်းမသိ

"သတ္တိရှိရင် ဟိုမိန်းကလေးကို လွှတ်လိုက် လို့မင့်ဆရာကို ပြောလိုက်"

"​ေ၀းသေး"

သူ့ကိုကြိုးနဲ့ ချည်လျက်သား ထားကာ ထိူလူက တစ်ဘက် ခြမ်းက နေရာကို ကဲကြည့်သည်။

"ဟူး ဘာသံမှမကြားရဘူး"

ဖင်တကြွကြွနှင့် သူ့ထက်ပိုပြီးစိတ်၀င်စားဟန်
ရှေ့မှာလဲနေသည့် သူစိမ်းသူ့ကိုတောင်
အာရုံစိုက်ရကောင်းမှန်းမသိ

ခြေထောက်္မှာ ဆောင်နေကျ ခေါက်ဓားလေးနှင့် ကြိုးကို ဖြည်နေတာပင် ပြတ်တော့မည်။
ဒါတောင် ဟိုဘဲက မသိသေး

"မင်းနေခဲ့ဦး ငါ ခနသွားကြည့်ဦးမယ်"

စစ်ဆေးမေးမြန်းတာ တစ်ခွန်းမှ ထွက်္မလာသည့်သူ့ကို ထိုလူကလည်း ထပ်မေးချင်ပုံမရှိ
မြောက်ကြွမြောက်ကြွနှင့်တစ်ဖန်​ြ့ပန်ထွက်သွားလေသည်။

ခေါင်ရိပ် အခန်းထဲကနေ လွတ်လမ်းကို ရှာတော့ အကိုင်းခက်တွေဖြာနေသည့် သစ်ပင်ကို တွေ့လိုက်ရသည်။
ဒီပုံအတိုင်းဆို မမလေးကို ကယ်ဖို့ အမြန်ဆန်လုပ်မှ ရတော့မည်။

.........

"အား နာတယ်"

"နာအောင်လုပ်တာမှ မဟုတ်တာ မင်း သည်းခံလိုက်ရင် ပြီးသွားမှာ"

"အဟင့် ရှင်နော် ရှင့်ဟာကြီးက အရမ်းနာတယ်သိရဲ့လား"

"ကဲ မြန်မြန်လုပ်ပေးမယ်"

"အား နာတယ်လို့ အဟင့်"

"ဟာကွာ ကျပ်နေတာပဲ"

"ဟင်"

အခန်းထဲတောင် မ၀င်နိုင်ပဲ ရာဇဘွား ဒူးတွေတောင်ယိုင်ချင်သွားသည်။
ဆရာဟာ သူထင်တာထက် လက်သွက်တဲ့သူပဲ
လုပ်မယ့်လုပ်တိုးတိုးတိတ်တိတ် ဖုံးဖုံးဖိဖိ လုပ်ကြပါလား

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now