part-23

3.7K 192 8
                                    

"တစ်ပတ်အတွင်းပြောင်းမိန့်ကျတယ်ဆို‌တော့ဒီကိစမရိုးသားဘူး"

"ကျွန်တော်လည်းရှေ့နေကြီးကိုအကူညီတောင်းထားပါတယ် အန်တီ စိတ်မပူပါနဲ့"

စိတ်မပူနဲ့သာပြောရတာ တရားရုံးက
စာရောက်လာထဲက ဒေါ်ရနံ့သွယ်
အိပ်ယာထဲ ဘုန်းဘုန်းလဲတော့သည်။
မယ်နှင့်သွယ်တို့ဟာ မျက်နှာအပျက်ပျက်ဖြစ်နေပြီး အငယ်လေးကတော့ ကလေးပီပီ ငိုနေယုံသာတတ်နိုင်သည်။

ခဏကြာတော့ မယ် တစ်ယောက်အပြင်ထွက်ဖို့လုပ်၏။
အမှုကိစအကြောင်းပြောနေတုန်းလည်း ၀င်မဆွေ‌းနွေးဘဲ ကောက်ကာငင်ကာ ထွက်ဖို့လုပ်နေတော့ သွယ်ကလှမ်းဟန့်သည်။

"မယ်....."

"မသွယ် မေမေ့နားမှာနေပေး!!"

"အာ့တာကထားပါ အခု ဘယ်သွားမှာလဲ"

"တရားရုံး!!"

"ဟ အဲ့လို သူငယ်ချင်းအိမ်သွားသလို တရားရုံးကို သွားလို့ရသလား!!"

"မသိဘူး မီဒီယာခေါ်ပြီးဖြစ်ဖြစ် ပွဲဖြစ်အောင်လုပ်မှာ အိမ်ကဖယ်ပေးရအောင်လုပ်တဲ့တရားခံ မြေလှန်ရှာပြမယ်
သူလူလုံးမထွက်ပြရင် မယ်က ပွဲဆူပြီးထွက်အောင်လုပ်မယ်"

"အခုချက်ချင်းရပ်စမ်းမယ် မေမေ အခန်းထဲမှာ ဘုန်းဘုန်းလဲနေ‌တာနင်မတွေ့ဘူးလား
နင်တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ
တစ်ပူပေါ် နှစ်ပူမဆင့်ချင်ပါနဲ့"

"အာ့ဆို ဘာလုပ်ရမှာလည်း မသွယ်
ငါ ဥပဒေအကြောင်းနားမလည်ဘူး
အချိန်မှီ ဒဲ့မရှင်းရင်...'

"နင်၀င်ပါဖို့မလိုဘူး ရာထူးစံကူညီလိမ့်မယ် နင်လုပ်ရမှာက....'

"မသွယ် သူကူညီတာကို မယ်မတားပါဘူး
မယ်တတ်နိုင်သည်ဖြစ်စေ မတတ်နိုင်သည်ဖြစ်စေ ရည်ရွယ်ချက်တိုင်းခြေလှမ်းတိုင်းက ဒီအသိုက်္မြုံ မပြိုကွဲဖို့"

"ဂျစ်တူး!!!"

ရာထူးစံမနေနိုင်ပဲ ညီအမနှစ်ယောက် ပြောဆိုနေသည့်နေရာရောက်လာတော့ မယ်က တစ်ဖက်ကို မျက်နှာလွှဲလိုက်သည်။

"ကိုယ်ပြောမယ် ဂျစ်တူး ဖြစ်စေချင်တာတွေ
ရသလောက် အတတ်နိုင်ဆုံးကိုယ်ကူညီမယ်"

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now